1. ငါကဲ့သို့အသင်းတော်ကိုအုပ်ထိန်းရသူများ ဖြစ်ကြသည့်သင်တို့အားမေတ္တာရပ်ခံလို၏။ ငါ သည်ခရစ်တော်ခံရသောဝေဒနာကိုတွေ့မြင် ရသူတစ်ဦးအနေနှင့်လည်းကောင်း၊ ပေါ်လွင် ထင်ရှားလတ္တံ့သောဘုန်းအသရေတော်ကို သင်တို့နှင့်အတူပါဝင်ခံယူရန်မျှော်လင့် သူတစ်ဦးအနေနှင့်လည်းကောင်းမေတ္တာ ရပ်ခံလို၏။-
2. သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။-
3. သင်တို့လက်ဝယ်အပ်ထားသည့်သူတို့အပေါ် တွင်အစိုးတရမပြုကြနှင့်။ သိုးစု၏ရှေ့၌ စံနမူနာကောင်းကိုပြကြလော့။-
4. သင်တို့သည်သိုးထိန်းချုပ်ကြီးပေါ်ထွန်းတော် မူသောအခါဘုန်းအသရေထွန်းတောက်သော၊ အဘယ်အခါ၌မျှအရောင်အဝါမမှေး မှိန်နိုင်သောသရဖူကိုရရှိကြလိမ့်မည်။
5. ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-
6. သို့ဖြစ်၍ဘုရားသခင်သည်အချိန်တန်သော အခါသင်တို့အားချီးမြှင့်တော်မူနိုင်ရန် သင်တို့သည်ကိုယ်တော်၏တန်ခိုးကြီးသော လက်တော်အောက်၌မိမိတို့ကိုယ်ကိုနှိမ့်ချ ကြလော့။-
7. ကိုယ်တော်သည်သင်တို့ကိုအလေးဂရုပြု တော်မူသောကြောင့် သင်တို့၏ပူပင်သောက ရှိသမျှတို့ကိုကိုယ်တော်အားပုံ၍အပ်နှံ ကြလော့။