၁ ပေ 4:7-9 Common Language Bible (BCL)

7. အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​အ​တွက်​နောက်​ဆုံး သော​အ​ချိန်​နီး​ကပ်​လာ​ပြီ​ဖြစ်​၍ သင်​တို့​သည် ဆု​တောင်း​နိုင်​ကြ​ရန် မိ​မိ​တို့​၏​စိတ်​ကို​ထိန်း ချုပ်​လျက်​နိုး​နိုး​ကြား​ကြား​ရှိ​ရ​ကြ​မည်။-

8. အ​ထူး​သ​ဖြင့်​အ​ချင်း​ချင်း​အား​အ​မှန်​တ​ကယ် ချစ်​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မေတ္တာ သည်​များ​စွာ​သော​အ​ပြစ်​တို့​ကို​ဖုံး​အုပ်​စေ နိုင်​သော​ကြောင့်​ဖြစ်​၏။-

9. သင်​တို့​သည်​မ​ညည်း​မ​ညူ​ဘဲ​အ​ချင်း​ချင်း အား​ကျေ​ပွန်​စွာ​ဧည့်​ဝတ်​ပြု​ကြ​လော့။-

၁ ပေ 4