၁ ပေ 3:2-13 Common Language Bible (BCL)

2. အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​အ​ဘယ်​မျှ စိတ်​ထား​ဖြူ​စင်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား တ​ရား​ရို​သေ​ကိုင်း​ရှိုင်း​သည်​ကို​လည်း​ကောင်း သူ​တို့​တွေ့​မြင်​မည်​ဖြစ်​သော​ကြောင့်​တည်း။-

3. သင်​တို့​၏​ရုပ်​ရည်​လှ​ပ​မှု​သည်​အ​ပြင်​အ​ပ လက္ခ​ဏာ​များ​ဖြစ်​သော​ဖီး​လိမ်း​ဝတ်​စား​မှု၊ ကျောက်​မျက်​ရ​တ​နာ​ဆင်​ယင်​မှု​တို့​အ​ပေါ် တွင်​မ​တည်​စေ​ဘဲ၊-

4. မိ​မိ​တို့​အ​တွင်း​စိတ်​နှ​လုံး​နှင့်​ဆိုင်​သော နူး​ညံ့​သိမ်​မွေ့​သည့်​သ​ဘော​တည်း​ဟူ​သော ထာ​ဝ​စဉ်​လှ​ပ​မှု​ပေါ်​တွင်​တည်​စေ​ကြ​လော့။ ယင်း​လှ​ပ​မှု​သည်​ဘု​ရား​သ​ခင်​ရှေ့​တော် မှောက်​၌၊ အ​လွန်​အ​ဖိုး​ထိုက်​ပေ​သည်။-

5. ရှေး​အ​ခါ​က​ဘု​ရား​တ​ရား​ကြည်​ညို​၍ ဘု​ရား​သ​ခင်​ကို​မျှော်​လင့်​ကိုး​စား​သော အ​မျိုး​သ​မီး​တို့​သည် မိ​မိ​တို့​ခင်​ပွန်း​များ ၏​စ​ကား​ကို​နား​ထောင်​ခြင်း​အား​ဖြင့်​လှ​ပ အောင်​တန်​ဆာ​ဆင်​ကြ​၏။-

6. ဥ​ပ​မာ​ပြော​ရ​သော်​စာ​ရာ​သည်​အာ​ဗြ​ဟံ ၏​စ​ကား​ကို​နား​ထောင်​၏။ အာ​ဗြ​ဟံ​ကို​သ​ခင် ဟု​ခေါ်​၏။ သင်​တို့​သည်​မည်​သည်​ကို​မျှ​ကြောက်​ရွံ့ ခြင်း​မ​ရှိ​ဘဲ ကောင်း​မြတ်​သည့်​အ​ကျင့်​ကို​ပြု ကျင့်​ပါ​လျှင်​စာ​ရာ​၏​သ​မီး​များ​ဖြစ်​ကြ​၏။

7. ထို​နည်း​တူ​စွာ​ခင်​ပွန်း​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ဇ​နီး​များ​အား​နွဲ့​သူ​များ​ဖြစ်​သည်​ကို​ထောက်​၍ သူ​တို့​နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​ကြ​မည်။ သူ​တို့ သည်​သက်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​ကို​သင်​တို့​နှင့် အ​တူ​ခံ​စား​ရ​ကြ​မည့်​သူ​များ​ဖြစ်​သ​ဖြင့် သင်​တို့​သည်​သူ​တို့​ကို​လေး​စား​စွာ​ဆက်​ဆံ ရ​ကြ​မည်။ သို့​မှ​သာ​သင်​တို့​၏​ပတ္ထနာ​များ ကို​အ​ဆီး​အ​တား​ရှိ​မည်​မ​ဟုတ်။

8. နောက်​ဆုံး​ဖော်​ပြ​လို​သည်​မှာ သင်​တို့​သည် တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ​လော့။ စာ​နာ ထောက်​ထား​၍​တစ်​ယောက်​ကို​တစ်​ယောက် ညီ ရင်း​အစ်​ကို​ကဲ့​သို့​ချစ်​ကြ​လော့။ ကြင်​နာ သ​နား​တတ်​သော​သ​ဘော၊ နှိမ့်​ချ​တတ်​သော သ​ဘော​ရှိ​ကြ​လော့။-

9. အ​ဆိုး​ကို​အ​ဆိုး​အား​ဖြင့်​လည်း​ကောင်း၊ ကျိန် ဆဲ​ခြင်း​ကို​ကျိန်​ဆဲ​ခြင်း​အား​ဖြင့်​လည်း​ကောင်း တုံ့​ပြန်​ခြင်း​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့် အ​စား​ကောင်း​ချီး​ပေး​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​စေ​ရန် သင်​တို့ အား​ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​ခဲ့ သော​ကြောင့်​တည်း။-

10. အောက်​ပါ​ကျမ်း​စာ​တော်​အ​ရ​ဖော်​ပြ​သည် နှင့်​အ​ညီ​ဖြစ်​သည်။``မိ​မိ​ဘ​ဝ​ကို​ချစ်​မြတ်​နိုး​၍​စီး​ပွား​ချမ်း သာ​ကို အ​လို​ရှိ​သူ​သည်၊မိ​မိ​၏​လျှာ​ကို​မ​ညစ်​ညမ်း​စေ​ရန်​ထိန်း​သိမ်း ရ​မည်။မိ​မိ​နှုတ်​ကို​လည်း​လိမ်​လည်​လှည့်​ဖြား​မှု​နှင့် ကင်း​စေ​ရ​မည်။

11. သူ​သည်​ဒု​စ​ရိုက်​ကို​ရှောင်​ရှား​လျက် သု​စ​ရိုက်​ကို​ပြု​ရ​မည်။ငြိမ်း​ချမ်း​မှု​အ​တွက်​အ​စွမ်း​ကုန်​ကြိုး​ပမ်း ရ​မည်။

12. အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည်ဖြောင့်​မတ်​သူ​တို့​အား၊ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို၊ နား​ညောင်း​တော်​မူ​သော​ကြောင့်​တည်း။သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၏။''

13. သို့​ဖြစ်​၍​သု​စ​ရိုက်​တ​ရား​ကို​သင်​တို့​ခုံ​မင် စွဲ​လမ်း​ကြ​ပါ​မူ​အ​ဘယ်​သူ​သည်​သင်​တို့​အား ဘေး​သင့်​စေ​နိုင်​မည်​နည်း။-

၁ ပေ 3