1. ထိုနည်းတူစွာဇနီးတို့၊ သင်တို့ခင်ပွန်းများ ၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ ဤနည်းအား ဖြင့်သင်တို့တွင်ဘုရားသခင်၏နှုတ်ကပတ်တော် ကိုမယုံကြည်သူခင်ပွန်းများရှိပါမူ သင်တို့ ၏အကျင့်အကြံအပြုအမူကသူတို့အား ယုံကြည်လာစေလိမ့်မည်။ သင်တို့နှုတ်ဖြင့်ပြော ရန်ပင်မလိုပေ။-
2. အဘယ်ကြောင့်ဆိုသော်သင်တို့အဘယ်မျှ စိတ်ထားဖြူစင်သည်ကိုလည်းကောင်း၊ ဘုရား တရားရိုသေကိုင်းရှိုင်းသည်ကိုလည်းကောင်း သူတို့တွေ့မြင်မည်ဖြစ်သောကြောင့်တည်း။-