၁ ပေ 2:1-4 Common Language Bible (BCL)

1. သို့​ဖြစ်​၍​သင်​တို့​သည်​မ​ကောင်း​မှု​အ​မျိုး​မျိုး နှင့်​လှည့်​ဖြား​မှု၊ ဟန်​ဆောင်​မှု၊ မ​နာ​လို​မှု​နှင့် ဆဲ​ရေး​တိုင်း​ထွာ​မှု​တို့​ကို​ပယ်​ရှား​ကြ​လော့။-

2. မွေး​စ​က​လေး​သူ​ငယ်​ကဲ့​သို့​ဝိ​ညာဉ်​နို့​ရည် စစ်​ကို​အ​မြဲ​လို​လား​တောင့်​တ​ကြ​လော့။ သို့ မှ​သာ​သင်​တို့​သည်​ကြီး​ထွား​၍​ကယ်​တင် ခြင်း​ခံ​ရ​လိမ့်​မည်။-

3. ကျမ်း​စာ​တော်​က``ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ကြင်​နာ​တော်​မူ​တတ်​ကြောင်း​ကို သင်​တို့​ကိုယ်​တိုင်​သိ​ရှိ​ကြ​၏'' ဟု​ဆို​သည် နှင့်​အ​ညီ​ဖြစ်​၏။

4. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ထံ​တော် သို့​လာ​ကြ​လော့။ ထို​သ​ခင်​သည်​သက်​ရှိ​ကျောက် ဖြစ်​တော်​မူ​၏။ ထို​ကျောက်​သည်​အ​ဖိုး​မ​တန် ဟု​ဆို​၍ လူ​တို့​ပစ်​ပယ်​ခံ​ရ​သော်​လည်း​ဘု​ရား သ​ခင်​၏​ရွေး​ချယ်​ခံ​အ​ဖိုး​တန်​ကျောက်​ဖြစ် တော်​မူ​၏။-

၁ ပေ 2