1. သို့ဖြစ်၍သင်တို့သည်မကောင်းမှုအမျိုးမျိုး နှင့်လှည့်ဖြားမှု၊ ဟန်ဆောင်မှု၊ မနာလိုမှုနှင့် ဆဲရေးတိုင်းထွာမှုတို့ကိုပယ်ရှားကြလော့။-
2. မွေးစကလေးသူငယ်ကဲ့သို့ဝိညာဉ်နို့ရည် စစ်ကိုအမြဲလိုလားတောင့်တကြလော့။ သို့ မှသာသင်တို့သည်ကြီးထွား၍ကယ်တင် ခြင်းခံရလိမ့်မည်။-
3. ကျမ်းစာတော်က``ထာဝရဘုရားသည် သနားကြင်နာတော်မူတတ်ကြောင်းကို သင်တို့ကိုယ်တိုင်သိရှိကြ၏'' ဟုဆိုသည် နှင့်အညီဖြစ်၏။
4. သို့ဖြစ်၍ထာဝရဘုရားသခင်၏ထံတော် သို့လာကြလော့။ ထိုသခင်သည်သက်ရှိကျောက် ဖြစ်တော်မူ၏။ ထိုကျောက်သည်အဖိုးမတန် ဟုဆို၍ လူတို့ပစ်ပယ်ခံရသော်လည်းဘုရား သခင်၏ရွေးချယ်ခံအဖိုးတန်ကျောက်ဖြစ် တော်မူ၏။-
5. သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
6. အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင်``ငါသည်အဖိုးတန်ကျောက်တစ်လုံးကို ရွေးချယ်၍၊ဇိအုန်တောင်ပေါ်မှာထောင့်ချုပ်ကျောက်အဖြစ် ချထား၏။မည်သူမဆိုထိုအရှင်ကိုယုံကြည်လျှင် စိတ်ပျက်ရလိမ့်မည်မဟုတ်''ဟုဖော်ပြပါရှိသောကြောင့်ဖြစ်၏။
7. ယုံကြည်သူတို့အဖို့ထိုကျောက်သည်တန်ဖိုး ရှိ၏။ မယုံကြည်သူတို့အဖို့မှာ၊``တိုက်တည်ဆောက်သူတို့ပယ်ထားသော ကျောက်သည်အရေးကြီးသောထောင့်ကျောက်ဖြစ်လာရ၏''ဟုဖော်ပြ၏။
8. အခြားကျမ်းတစ်ပုဒ်တွင်၊``ထိုကျောက်သည်လူတို့အားခလုတ်ထိစေ၍ ပြိုလဲစေသောကျောက်ဖြစ်၏''ဟုဖော်ပြပါရှိ၏။ သူတို့သည်နှုတ်ကပတ်တော် ကို မယုံကြည်ကြသဖြင့်ခလုတ်ထိရကြ၏။ ဤကားထိုသူတို့အတွက်ဘုရားသခင်၏ အလိုတော်ပင်ဖြစ်သတည်း။
9. သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
10. အခါတစ်ပါးကဘုရားသခင်၏လူစုတော် မဟုတ်သူသင်တို့သည်ယခုအခါကိုယ်တော် ၏လူစုတော်ဖြစ်ကြပြီ။ အခါတစ်ပါးက သင်တို့သည်ဘုရားသခင်၏ကရုဏာတော် ကိုမသိရကြ။ ယခုမှာမူကိုယ်တော်၏ ကရုဏာတော်ကိုခံစားရကြလေပြီ။
11. ချစ်ဆွေတို့၊ သင်တို့သည်ဤလောကတွင်ဧည့် သည်အာဂန္တုအဖြစ်နှင့် မိမိတို့အားအမြဲ စစ်ပြိုင်တိုက်ခိုက်လျက်နေသောကာယတပ် မက်မှုများကိုအရှုံးမပေးရန် ငါတိုက်တွန်း နှိုးဆော်၏။-
12. မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။
13. သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ လူအာဏာပိုင်ရှိသမျှတို့၏အုပ်စိုးခြင်း ကိုဝန်ခံကြလော့။ ဘုရင်ဧကရာဇ်မင်းအား အချုပ်အခြာအာဏာပိုင်အဖြစ်ဖြင့်လည်း ကောင်း၊-
14. ဘုရင်ခံများအားလူဆိုးတို့ကိုအပြစ်ပေး ရန်နှင့်၊ လူကောင်းတို့ကိုချီးမြှင့်ရန်ဘုရင် ဧကရာဇ်ခန့်ထားသောသူများအဖြစ်ဖြင့် လည်းကောင်းလက်ခံကြလော့။-
15. သင်တို့သည်မိမိတို့၏အကျင့်ကောင်းအားဖြင့် အသိဉာဏ်ကင်းမဲ့သည့်လူမိုက်တို့၏နှုတ်ကို ပိတ်ရန်ဘုရားသခင်အလိုတော်ရှိတော်မူ၏။-
16. သင်တို့သည်လွတ်လပ်သူများအနေဖြင့်ပြုမူ နေထိုင်ကြလော့။ သို့ရာတွင်ဆိုးညစ်မှု၊ တစ်စုံ တစ်ရာကိုဖုံးကွယ်ရန်အတွက်မိမိတို့၏ လွတ်လပ်မှုကိုအသုံးမပြုကြနှင့်။ သို့ရာ တွင်သင်တို့သည်ဘုရားသခင်၏ကျွန်များ အဖြစ်ဖြင့်ပြုမူနေထိုင်ကြလော့။-