1-2. သခင်ယေရှုခရစ်၏တမန်တော်ပေတရုထံ မှပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်နှင့်ဗိသုနိပြည်တို့တွင်ဧည့်သည် အာဂန္တုအဖြစ်နှင့်ပျံ့နှံ့နေထိုင်လျက်ရှိကြ သောဘုရားသခင်ရွေးချယ်တော်မူသည့် လူစုတော်ထံသို့စာရေးလိုက်ပါသည်။ သခင် ယေရှု၏စကားတော်ကိုနားထောင်၍ကိုယ် တော်၏သွေးတော်အားဖြင့်အပြစ်များမှ ပြေလွတ်ကြစေရန်ခမည်းတော်ဘုရား သခင်သည်အကြံအစည်တော်အရသင် တို့ကိုရွေးချယ်တော်မူ၏။ ဝိညာဉ်တော် အားဖြင့်လည်းသင်တို့ကိုသန့်ရှင်းမြင့် မြတ်စေတော်မူ၏။သင်တို့သည်ကိုယ်တော်၏ထံတော်မှ ကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုကြွယ်ဝစွာခံစား ရကြပါစေသတည်း။
3. ငါတို့သည်ငါတို့အရှင်သခင်ယေရှုခရစ် ၏ခမည်းတော်ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြကုန်စို့။ ကိုယ်တော်သည်မဟာ ကရုဏာတော်ကြောင့်သခင်ယေရှုခရစ် ကိုသေခြင်းမှရှင်ပြန်ထြေမာက်စေတော်မူ ခြင်းအားဖြင့် ငါတို့အားဘဝသစ်ကိုပေး တော်မူသဖြင့်စိတ်ချရသောမျှော်လင့် ခြင်းကိုရရှိစေတော်မူ၏။-
4. သို့ဖြစ်၍ငါတို့သည်ကိုယ်တော်၏လူစု တော်အတွက် ဘုရားသခင်လျာထားတော် မူသောကောင်းချီးမင်္ဂလာများကိုခံစားနိုင် ရန်မျှော်မှန်းကြပေသည်။ ကိုယ်တော်သည် ထိုကောင်းချီးမင်္ဂလာများကိုကောင်းကင် ဘုံတွင် သင်တို့အဖို့လျာထားတော်မူ၏။ ယင်းတို့သည်ယိုယွင်းပျက်စီးမှေးမှိန်၍ မသွားနိုင်။-
5. သင်တို့သည်ဘုရားသခင်ကိုယုံကြည်သူများ ဖြစ်သည့်အလျောက် အဆုံးစွန်သောကာလ၌ ပေါ်လွင်ထင်ရှားရန်အသင့်ရှိသည့်ကယ်တင် ခြင်းကျေးဇူးတော်ကိုခံစားရချိန်တိုင်အောင် ကိုယ်တော်သည်သင်တို့အားတန်ခိုးတော်ဖြင့် စောင့်ထိန်းလျက်ထားတော်မူ၏။
6. သင်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုး တို့ကြောင့် ယခုခဏမျှဝမ်းနည်းရကြ သော်လည်း အထက်ဖော်ပြပါအကြောင်း ကြောင့်ရွှင်လန်းဝမ်းမြောက်ကြလော့။-
7. ထိုစုံစမ်းနှောင့်ယှက်ခြင်းများကိုခံရခြင်း မှာဘုရားသခင်အားအကယ်ပင်သင်တို့ ယုံကြည်ကိုးစားမှုရှိမရှိကိုစစ်ဆေးရန် ဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောရွှေကို ပင်လျှင် အရည်ကျို၍စစ်တမ်းတင်ရသည် ဖြစ်ရာရွှေထက်များစွာပိုမိုအဖိုးထိုက် သည့် သင်တို့၏ယုံကြည်ခြင်းကိုလည်း တည်တံ့ခိုင်မြဲစေရန်စစ်တမ်းတင်ရမည်။ သို့မှသာလျှင်သင်တို့သည်သခင်ယေရှု ခရစ်ကြွလာတော်မူချိန်၌ဂုဏ်ပြုချီး ကူးခြင်းနှင့်ဘုန်းအသရေကိုခံယူ နိုင်ကြပေလိမ့်မည်။-
8. သင်တို့သည်ခရစ်တော်ကိုမမြင်ဘူးသော် လည်းချစ်ကြ၏။ ယခုမတွေ့မမြင်ရသော် လည်းသင်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။ သို့ဖြစ်၍သင်တို့သည်နှုတ်ဖြင့်မဖော် ပြနိုင်အောင်လွန်စွာဘုန်းကြီးသောရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြ၏။-
9. အဘယ်ကြောင့်ဆိုသော်သင်တို့သည်သခင် ယေရှုအားယုံကြည်ခြင်း၏အကျိုးကြောင့် ကယ်တင်ခြင်းကိုခံယူနေရကြပြီဖြစ် သောကြောင့်တည်း။
10. ပရောဖက်များသည်ယင်းကယ်တင်ခြင်းနှင့် ပတ်သက်၍အသေအချာစုံစမ်းရှာဖွေခဲ့ ကြ၏။ သင်တို့အားဘုရားသခင်ပေးတော် မူမည့်ဤဆုကျေးဇူးအကြောင်းကိုဟော ကြားခဲ့ကြ၏။-
11. ယင်းဆုကျေးဇူးသည်အဘယ်အခါကာလ ၌လည်းကောင်း၊ အဘယ်ပုံအဘယ်နည်းဖြင့် လည်းကောင်းပေါ်ပေါက်လာမည်ကိုသိရှိနိုင် ရန်လည်းကြိုးစား၍ရှာဖွေစုံစမ်းခဲ့ကြ၏။ သူတို့အထဲ၌သက်ဝင်လှုပ်ရှားလျက်ရှိ သောခရစ်တော်၏ဝိညာဉ်တော်က ဤအခါ ကာလတွင်ခရစ်တော်ခံရမည့်ဝေဒနာ ကိုလည်းကောင်း၊ ထိုသို့ခံတော်မူပြီးနောက် ဝင်စားရမည့်ဘုန်းအသရေကိုလည်း ကောင်းကြိုတင်ဖော်ပြခဲ့ပေသည်။-
12. ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။
13. သို့ဖြစ်၍သင်တို့နိုးကြား၍ သမ္မာသတိရှိ ကြလော့။ ယေရှုခရစ်ကြွလာတော်မူသော အခါ သင်တို့ခံစားရမည့်ကောင်းချီးကို အဆုံးတိုင်အောင်မျှော်လင့်လျက်နေကြလော့။-