၁ ပေ 1:11-14 Common Language Bible (BCL)

11. ယင်း​ဆု​ကျေး​ဇူး​သည်​အ​ဘယ်​အ​ခါ​ကာ​လ ၌​လည်း​ကောင်း၊ အ​ဘယ်​ပုံ​အ​ဘယ်​နည်း​ဖြင့် လည်း​ကောင်း​ပေါ်​ပေါက်​လာ​မည်​ကို​သိ​ရှိ​နိုင် ရန်​လည်း​ကြိုး​စား​၍​ရှာ​ဖွေ​စုံ​စမ်း​ခဲ့​ကြ​၏။ သူ​တို့​အ​ထဲ​၌​သက်​ဝင်​လှုပ်​ရှား​လျက်​ရှိ သော​ခ​ရစ်​တော်​၏​ဝိ​ညာဉ်​တော်​က ဤ​အ​ခါ ကာ​လ​တွင်​ခ​ရစ်​တော်​ခံ​ရ​မည့်​ဝေ​ဒ​နာ ကို​လည်း​ကောင်း၊ ထို​သို့​ခံ​တော်​မူ​ပြီး​နောက် ဝင်​စား​ရ​မည့်​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း​ကြို​တင်​ဖော်​ပြ​ခဲ့​ပေ​သည်။-

12. ထို​သူ​တို့​ယင်း​အ​ကြောင်း​အ​ရာ​များ​ကို​ဟော ပြော​ကြ​သည်​မှာ​မိ​မိ​တို့​အ​ကျိုး​အ​တွက် မ​ဟုတ်။ သင်​တို့​အ​ကျိုး​အ​တွက်​ဖြစ်​ကြောင်း သင်​တို့​အား​ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ ပေ​သည်။ သင်​တို့​ထံ​သ​တင်း​ကောင်း​ကို​ယူ ဆောင်​လာ​သူ​များ​သည်​ထို​ပ​ရော​ဖက်​တို့ ကြို​တင်​ဟော​ပြော​သည့်​အ​ကြောင်း​အ​ရာ များ​ကို ကောင်း​ကင်​ဘုံ​မှ​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့်​သင်​တို့ အား​ဖော်​ပြ​ကြေ​ညာ​သ​ဖြင့်​သင်​တို့​ကြား ရ​ကြ​ပြီ။ ထို​အ​ရာ​များ​အ​ကြောင်း​ကို ကောင်း​ကင်​တ​မန်​များ​ပင်​လျှင်​သိ​ရှိ နား​လည်​လို​ကြ​ပေ​သည်။

13. သို့​ဖြစ်​၍​သင်​တို့​နိုး​ကြား​၍ သမ္မာ​သ​တိ​ရှိ ကြ​လော့။ ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​သော အ​ခါ သင်​တို့​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို အ​ဆုံး​တိုင်​အောင်​မျှော်​လင့်​လျက်​နေ​ကြ​လော့။-

14. ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင်​၍​မ​သိ နား​မ​လည်​စဉ်​အ​ခါ​က မိ​မိ​တို့​၏​စိတ်​ဆန္ဒ ရှိ​သည့်​အ​လျောက်​ပြု​ကျင့်​သ​ကဲ့​သို့​ဆက် လက်​မ​ပြု​ကျင့်​ကြ​နှင့်။-

၁ ပေ 1