၁ တိ 6:3-14 Common Language Bible (BCL)

3. ကွဲ​လွဲ​သည့်​အ​ယူ​ဝါ​ဒ​ကို​ဟော​ပြော​သွန်​သင် ၍ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​ဟုတ်​မှန်​သည့် စ​ကား​ကို​လည်း​ကောင်း၊ ငါ​တို့​ဘာ​သာ​တ​ရား တော်​ကို​လည်း​ကောင်း​ဝန်​မ​ခံ​သူ​သည်​ကား၊-

4. မာ​န​ကြီး​လျက်​အ​ဘယ်​အ​မှု​အ​ရာ​ကို မျှ​မ​သိ​သူ​တည်း။ သူ​သည်​စ​ကား​အ​သုံး အ​နှုန်း​နှင့်​စပ်​လျဉ်း​၍ ငြင်း​ခုံ​ခြင်း​ဝါ​သ​နာ ထုံ​သော​သူ​ဖြစ်​သည်။ ထို​အ​ပြု​အ​မူ​သည် မ​နာ​လို​မှု၊ အ​ငြင်း​ပွား​မှု၊ စော်​ကား​မှု၊ ဆိုး​ရွား​သော​မ​ယုံ​သင်္ကာ​ရှိ​မှု၊-

5. အ​စဉ်​မ​ပြတ်​အ​ငြင်း​ပွား​မှု​တို့​ကို​ပေါ် ပေါက်​စေ​၏။ ဤ​အ​မှု​များ​ကို​ပြု​ကျင့်​တတ် သူ​တို့​သည်​ကား စိတ်​မ​မှန်​၍​သမ္မာ​တ​ရား ကို​မ​သိ​သူ​များ​ဖြစ်​ပေ​သည်။ ဘာ​သာ​ရေး မှ​စီး​ပွား​ရေး​အ​မြတ်​အ​စွန်း​ရ​ရှိ​သည် ဟု​သူ​တို့​ထင်​မှတ်​ကြ​၏။

6. ငါ​တို့​သည်​ရှိ​သ​မျှ​ဖြင့်​တင်း​တိမ်​ရောင့်​ရဲ တတ်​ကြ​ပါ​မူ ဘာ​သာ​ရေး​မှ​ကြီး​မား​သော အ​မြတ်​အ​စွန်း​ကို​အ​မှန်​ပင်​ရ​ရှိ​နိုင်​ကြ ပေ​သည်။-

7. လော​က​ထဲ​သို့​လာ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​ဆောင်​၍​မ​လာ​ခဲ့ ကြ။ လော​က​မှ​ထွက်​ခွာ​သွား​ကြ​သော​အ​ခါ ၌​လည်း​အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​၍​မ​သွား နိုင်။-

8. သို့​ဖြစ်​၍​ငါ​တို့​တွင်​စား​စ​ရာ​ဝတ်​စ​ရာ​ရှိ လျှင်​ရောင့်​ရဲ​ကြ​ကုန်​အံ့။-

9. ချမ်း​သာ​ကြွယ်​ဝ​လို​သူ​တို့​သည်​အ​ပြစ်​သွေး ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​၏။ သူ​တို့​သည်​မိုက်​မဲ ၍​အ​ကျိုး​ယုတ်​စေ​တတ်​သည့်​စွဲ​လမ်း​တပ်​မက် မှု​တို့​ဖြင့်​ကျော့​မိ​ကြ​၏။ ထို​စွဲ​လမ်း​တပ်​မက်​မှု များ​သည်​သူ​တို့​အား​ပျက်​စီး​ဆုံး​ရှုံး​စေ တတ်​၏။-

10. အ​ဘယ်​ကြောင့်​ဆို​သော်​ငွေ​ကို​စွဲ​လမ်း​တပ် မက်​ခြင်း​သည်​မ​ကောင်း​မှု​အ​မျိုး​မျိုး​တို့​၏ မူ​လ​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်​တည်း။ အ​ချို့​သော​သူ​တို့​သည်​ငွေ​ကို​ခုံ​မင်​လှ သ​ဖြင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​၍ ပူ​ဆွေး​လျက်​ဝမ်း​နည်း​ပက်​လက် ဖြစ်​ရ​ကြ​၏။

11. အို ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ သင်​မူ​ကား ထို​မ​ကောင်း​မှု​အ​ပေါင်း​ကို​ရှောင်​ကြဉ်​လော့။ ဖြောင့်​မတ်​ခြင်း၊ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့ သိမ်​မွေ့​ခြင်း​စ​သည့်​ပါ​ရ​မီ​များ​နှင့် ပြည့်​ဝ​စေ​ရန်​ကြိုး​စား​အား​ထုတ်​လော့။-

12. ယုံ​ကြည်​ခြင်း​ဆိုင်​ရာ​ပြေး​ပွဲ​တွင်​အ​စွမ်း ကုန်​ပြေး​၍​ထာ​ဝ​ရ​အ​သက်​တည်း​ဟူ​သော အောင်​ဆု​ကို​သင်​ရ​ရှိ​စေ​ရန် သင့်​အား​ဘု​ရား သ​ခင်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ​၌ သင် သည်​များ​စွာ​သော​အ​သိ​သက်​သေ​တို့​ရှေ့ တွင်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ခိုင်​မာ​စွာ ဝန်​ခံ​ခဲ့​ပေ​သည်။-

13. အ​ရာ​ခပ်​သိမ်း​တို့​ကို​အ​သက်​ရှင်​စေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ လည်း​ကောင်း၊ ပုန္တိ​ပိ​လတ်​မင်း​၏​ရှေ့​တွင်​မိ​မိ ၏​ယုံ​ကြည်​ချက်​ကို​ခိုင်​မာ​စွာ​ဖော်​ပြ​တော် မူ​သော ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက် ၌​လည်း​ကောင်း သင့်​အား​ဤ​အ​လုပ်​တာ​ဝန် ကို​ဆောင်​ရွက်​ရန်​ငါ​ပညတ်​၏။-

14. သင့်​အား​အပ်​နှင်း​ထား​သည့်​တာ​ဝန်​ကို ဆောင်​ရွက်​လော့။ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ် ကြွ​လာ​တော်​မူ​သည်​အ​ထိ​ဤ​အ​လုပ် တာဝန်​ကို​သစ္စာ​နှင့်​ထမ်း​ဆောင်​လော့။-

၁ တိ 6