၁ တိ 6:12-15 Common Language Bible (BCL)

12. ယုံ​ကြည်​ခြင်း​ဆိုင်​ရာ​ပြေး​ပွဲ​တွင်​အ​စွမ်း ကုန်​ပြေး​၍​ထာ​ဝ​ရ​အ​သက်​တည်း​ဟူ​သော အောင်​ဆု​ကို​သင်​ရ​ရှိ​စေ​ရန် သင့်​အား​ဘု​ရား သ​ခင်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ​၌ သင် သည်​များ​စွာ​သော​အ​သိ​သက်​သေ​တို့​ရှေ့ တွင်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ခိုင်​မာ​စွာ ဝန်​ခံ​ခဲ့​ပေ​သည်။-

13. အ​ရာ​ခပ်​သိမ်း​တို့​ကို​အ​သက်​ရှင်​စေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ လည်း​ကောင်း၊ ပုန္တိ​ပိ​လတ်​မင်း​၏​ရှေ့​တွင်​မိ​မိ ၏​ယုံ​ကြည်​ချက်​ကို​ခိုင်​မာ​စွာ​ဖော်​ပြ​တော် မူ​သော ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက် ၌​လည်း​ကောင်း သင့်​အား​ဤ​အ​လုပ်​တာ​ဝန် ကို​ဆောင်​ရွက်​ရန်​ငါ​ပညတ်​၏။-

14. သင့်​အား​အပ်​နှင်း​ထား​သည့်​တာ​ဝန်​ကို ဆောင်​ရွက်​လော့။ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ် ကြွ​လာ​တော်​မူ​သည်​အ​ထိ​ဤ​အ​လုပ် တာဝန်​ကို​သစ္စာ​နှင့်​ထမ်း​ဆောင်​လော့။-

15. မင်္ဂ​လာ​ရှိ​တော်​မူ​သော​တစ်​ဆူ​တည်း​သော အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင် တ​ကာ​တို့​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကာ​လ​အ​ချိန်​ရောက်​သော​အ​ခါ​ကိုယ်​တော် အား​ထင်​ရှား​ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။-

၁ တိ 6