1. ကျွန်ဖြစ်သူတို့သည်မိမိတို့၏သခင်များ အားရိုသေလေးစားထိုက်သူများဟုခံယူ ရကြမည်။ သို့မှသာလျှင်မည်သူမျှဘုရား သခင်၏နာမတော်နှင့် ငါတို့တရားတော် ကိုကဲ့ရဲ့ပြောဆိုလိမ့်မည်မဟုတ်။-
2. သခင်များသည်ယုံကြည်သူများဖြစ်လျှင် သူတို့သည်ညီအစ်ကိုများပင်ဖြစ်ကြသည် ဟုဆိုကာမလေးမခန့်မပြုရ။ မိမိတို့ ၏အစေခံမှုကြောင့်အကျိုးခံစားရသူ တို့မှာ မိမိတို့ချစ်မြတ်နိုးသောယုံကြည် သူများဖြစ်သောကြောင့် သူတို့၏အစေ ကိုပို၍ခံရကြပေမည်။သင်ဆုံးမသြဝါဒပေးရာတွင်ဤအရာ များကိုဖော်ပြရမည်။-