၁ တိ 5:5-8 Common Language Bible (BCL)

5. တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​ဖြစ်​သော​မု​ဆိုး​မ​သည် မိ​မိ​အား​ပြု​စု​မည့်​သူ​မ​ရှိ​သ​ဖြင့်​ဘု​ရား သ​ခင်​ကို​အား​ကိုး​မျှော်​လင့်​လျက် နေ့​ည မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​၍​ကိုယ်​တော်​၏ အ​ကူ​အ​ညီ​ကို​တောင်း​ခံ​တတ်​၏။-

6. သို့​ရာ​တွင်​အ​ပျော်​အ​ပါး​မက်​သော​မု​ဆိုး မ​မူ​ကား အ​သက်​ရှင်​လျက်​ပင်​ရှိ​သော်​လည်း အ​သေ​ကဲ့​သို့​ဖြစ်​၏။-

7. မု​ဆိုး​မ​များ​သည်​သူ​တစ်​ပါး​တို့​အ​ပြစ်​တင် ခြင်း​နှင့်​ကင်း​လွတ်​ကြ​စေ​ရန် ဤ​ညွှန်​ကြား​ချက် များ​ကို​သူ​တို့​အား​ပေး​လော့။-

8. မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း၊ အ​ထူး​သ​ဖြင့် မိ​မိ အိမ်​ထောင်​စု​သား​တို့​အား​မ​ပြု​စု​ဘဲ​နေ​သော သူ​သည် ယုံ​ကြည်​ခြင်း​တ​ရား​တော်​ကို​ပစ်​ပယ် သူ​ဖြစ်​၍ မ​ယုံ​ကြည်​သူ​ထက်​ပို​၍​ပင်​ဆိုး​ရွား ပေ​သည်။

၁ တိ 5