၁ တိ 4:13-16 Common Language Bible (BCL)

13. ငါ​လာ​သည်​တိုင်​အောင်​လူ​ပ​ရိ​သတ်​ရှေ့ ကျမ်း​စာ​တော်​ကို​ဖတ်​ခြင်း၊ တ​ရား​ဟော​ခြင်း၊ သွန်​သင်​ဆုံး​မ​ခြင်း​တို့​ကို​ဂ​ရု​ပြု​လော့။-

14. ပ​ရော​ဖက်​များ​မိန့်​ကြား​၍​သင်း​အုပ်​များ​က သင့်​အား​သိက္ခာ​တင်​မင်္ဂ​လာ​ပေး​ချိန်​တွင် သင်​ခံ ယူ​ရ​ရှိ​သည့်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​လျစ်​လူ မ​ရှု​နှင့်။-

15. လူ​အ​ပေါင်း​တို့​သည်​သင်​၏​တိုး​တက်​ခြင်း​ကို တွေ့​ရှိ​နိုင်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့် တာ​ဝန်​ဝတ္တ​ရား​တို့​ကို​စိတ်​ဝင်​စား​၍​ဆောင် ရွက်​လော့။-

16. သို့​ပြု​လျှင်​သင်​နှင့်​တ​ကွ​သင်​၏​တ​ရား​ကို ကြား​နာ​ရ​သူ​အ​ပေါင်း​တို့​သည်​ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။

၁ တိ 4