၁ တိ 3:5-14 Common Language Bible (BCL)

5. မိ​မိ​၏​အိမ်​ထောင်​ကို​မ​အုပ်​မ​ထိန်း​နိုင်​သူ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို​အ​ဘယ်​သို့ လျှင်​အုပ်​ထိန်း​နိုင်​ပါ​မည်​နည်း။-

6. သူ​သည်​မ​ကြာ​မီ​က​မှ​ခ​ရစ်​ယာန်​ဘာ​သာ သို့​ကူး​ပြောင်း​လာ​သူ​မ​ဖြစ်​စေ​ရ။ သို့​မှ​သာ သူ​သည်​မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး​လာ​သ​ဖြင့် မာရ်​နတ်​နည်း​တူ​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ မည်​မ​ဟုတ်။-

7. ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​မ​ခံ​ရ​စေ​ရန်​နှင့်​မာရ်​နတ် ၏​ကျော့​ကွင်း​ထဲ​သို့​မ​ကျ​ရောက်​စေ​ရန်​သူ သည်​အ​သင်း​တော်​အ​ပ​ရှိ​လူ​တို့​၏​ရို​သေ လေး​စား​မှု​ကို​ခံ​ရ​သူ​ဖြစ်​ရ​မည်။

8. သင်း​ထောက်​လူ​ကြီး​များ​သည်​လည်း​စာ​ရိတ္တ ကောင်း​မွန်​၍​ဟန်​ဆောင်​မှု​မ​ရှိ​သူ​များ​ဖြစ် ရ​မည်။ သူ​တို့​သည်​သေ​သောက်​ကြူး​သူ​များ၊ ငွေ​ကို​တပ်​မက်​သူ​များ​မ​ဖြစ်​စေ​ရ။-

9. ငါ​တို့​ဘာ​သာ​တ​ရား​နှင့်​ဆိုင်​သော​နက်​နဲ သော​သစ္စာ​တ​ရား​များ​ကို​သြတ္တပ္ပ​စိတ်​ကြည် လင်​စွာ​ဖြင့်​လက်​ခံ​သူ​များ​ဖြစ်​ရ​ကြ​မည်။-

10. သူ​တို့​အား​ဦး​စွာ​စစ်​ဆေး​၍​အ​ပြစ်​ကင်း​မှ အ​မှု​တော်​ဆောင်​ခွင့်​ပြု​ကြ​လော့။-

11. သူ​တို့​၏​ဇ​နီး​များ​သည်​လည်း​စာ​ရိတ္တ​ကောင်း မွန်​သူ​များ​ဖြစ်​ရ​မည်။ အ​တင်း​ပြော​ဆို​တတ် သူ​များ​မ​ဖြစ်​စေ​ရ။ ဣန္ဒြေ​ရှိ​သူ၊ အ​ရာ​ရာ​၌ ရိုး​သား​ဖြောင့်​မတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။-

12. သင်း​ထောက်​လူ​ကြီး​၌​ဇ​နီး​တစ်​ယောက်​သာ ရှိ​ရ​မည်။ သူ​သည်​မိ​မိ​၏​သား​သ​မီး​များ​နှင့် အိမ်​ထောင်​ကို​ကောင်း​စွာ​အုပ်​ထိန်း​နိုင်​သူ​ဖြစ် ရ​မည်။-

13. မိ​မိ​တို့​၏​အ​လုပ်​တာ​ဝန်​ကို​အောင်​မြင်​စွာ ဆောင်​ရွက်​ကြ​သော​သင်း​ထောက်​လူ​ကြီး​များ သည်​ဂုဏ်​ရည်​မြင့်​လျက် မိ​မိ​တို့​၏​ခ​ရစ်​တော် ကို​ယုံ​ကြည်​ခြင်း​အ​ကြောင်း​တ​ရား​ကို ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ကြ​၏။

14. ငါ​သည်​ဤ​စာ​ကို​ရေး​နေ​ချိန်​၌​သင့်​ထံ​သို့ မ​ကြာ​မီ​လာ​ရောက်​ရန်​မျှော်​လင့်​လျက်​ရှိ​၏။-

၁ တိ 3