၁ တိ 1:2-11 Common Language Bible (BCL)

2. ယုံ​ကြည်​ခြင်း​အား​ဖြင့်​ငါ​၏​သား​စစ်​ဖြစ် သော​တိ​မော​သေ​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။သင်​သည်​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​အ​ရှင် ခ​ရစ်​တော်​ယေ​ရှု​ထံ​တော်​မှ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ရ​ပါ​စေ​သ​တည်း။

5. ဤ​သို့​ပ​ညတ်​ရ​ခြင်း​အ​ကြောင်း​မှာ​သန့်​စင် သော​မေတ္တာ၊ ကြည်​လင်​သော​သြတ္တပ္ပ​စိတ်​နှင့် စစ်​မှန်​သော​ယုံ​ကြည်​ခြင်း​ကို​နှိုး​ဆွ​ပေး လို​၍​ဖြစ်​၏။-

6. လူ​အ​ချို့​တို့​သည်​ဆို​ခဲ့​သော​သ​ဘော​မျိုး​ကို မ​ကျင့်​ဘဲ အ​ကျိုး​မဲ့​ပြော​ဆို​ငြင်း​ခုံ​မှု​များ ပြု​၍​လမ်း​လွဲ​သွား​ကြ​ပြီ။-

7. ထို​သူ​တို့​သည်​မိ​မိ​တို့​ပြော​ဆို​သော​စ​ကား များ​ကို​သော်​လည်း​ကောင်း၊ မိ​မိ​တို့​ပိုင်​နိုင်​စွာ ပြော​ဆို​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​သော် လည်း​ကောင်း​နား​မ​လည်​ကြ။ သို့​နှင့်​လည်း​သူ တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​ဆိုင်​ရာ နည်း​ပြ​ဆ​ရာ​များ​လုပ်​လို​သေး​၏။

8. ပ​ညတ်​တ​ရား​ကို​အ​သုံး​ပြု​သင့်​သည်​အ​တိုင်း အ​သုံး​ပြု​လျှင် ပ​ညတ်​တ​ရား​သည်​ကောင်း​မြတ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-

9. သို့​ရာ​တွင်​တ​ရား​ဥ​ပ​ဒေ​များ​ကို​လူ​ကောင်း တို့​အ​တွက်​မ​ဟုတ်။ တ​ရား​လက်​လွတ်​စည်း​မဲ့ ကမ်း​မဲ့​ကျင့်​ကြံ​သူ​များ၊ ပြစ်​မှု​ကူး​လွန်​သူ များ၊ ဘု​ရား​ကို​မ​ကြည်​ညို​သူ​များ၊ အ​ပြစ် ကူး​သူ​များ၊ ဘာ​သာ​တ​ရား​ကိုင်း​ရှိုင်း​မှု မ​ရှိ​သူ​များ၊ အ​ဖ​ကို​သတ်​သူ​များ​နှင့် အ​မိ​ကို​သတ်​သူ​များ၊ သူ​သတ်​သ​မား​များ၊-

10. အ​ကျင့်​စာ​ရိတ္တ​ပျက်​ပြား​သူ​များ၊ လိင်​တူ ချင်း​ကာ​မ​ဆက်​ဆံ​တတ်​သူ​များ၊ ပြန်​ပေး ဆွဲ​သူ​များ၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​များ၊ မ​မှန်​သော​သက်​သေ​ကို​ခံ​တတ်​သူ​များ​နှင့် မှန်​ကန်​သော​အ​ယူ​ဝါ​ဒ​နှင့် ဆန့်​ကျင်​၍​ပြု လုပ်​တတ်​သူ​များ​အ​တွက်​သာ​လျှင် ပြ​ဋ္ဌာန်း ထား​ခြင်း​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​ကြ ပေ​မည်။-

11. ဤ​သွန်​သင်​ချက်​သည်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့် ဝ​၍ မင်္ဂ​လာ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ တော်​မှ​လာ​သည့်​သ​တင်း​ကောင်း​အ​တိုင်း​ဖြစ် ပေ​သည်။ ထို​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​၏။

၁ တိ 1