1. ငါတို့၏ကယ်တင်ရှင်ဘုရားသခင်နှင့်ငါ တို့မျှော်လင့်ရာဖြစ်သောခရစ်တော်ယေရှု၏ အမိန့်တော်အရ ခရစ်တော်ယေရှု၏တမန် တော်အဖြစ်ခန့်ထားခြင်းခံရသောငါ ပေါလုထံမှ၊
2. ယုံကြည်ခြင်းအားဖြင့်ငါ၏သားစစ်ဖြစ် သောတိမောသေထံသို့စာရေးလိုက်ပါသည်။သင်သည်အဖဘုရားသခင်နှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှ ကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
3-4. မာကေဒေါနိပြည်သို့ငါထွက်ခွာစဉ်အခါ က သင့်အားငါမှာကြားခဲ့သည်အတိုင်း ဧဖက် မြို့တွင်ဆက်လက်နေထိုင်စေလို၏။ လူအချို့ တို့သည်မိစ္ဆာအယူဝါဒများကိုဟောပြော သွန်သင်လျက်ရှိကြပေသည်။ မကုန်မဆုံးနိုင် သောဒဏ္ဍာရီများနှင့်ဆွေစဉ်မျိုးဆက်စာရင်း များကို အပတ်တကုတ်အားထုတ်လေ့လာ တတ်သူတို့အား ထိုအမှုတို့ကိုရပ်စဲကြ စေရန်ပြောကြားလော့။ ထိုအမှုအရာများ သည်အငြင်းပွားမှုများကိုသာလျှင်ပြုစု ပေးတတ်၏။ ဘုရားသခင်၏အကြံအစည် တော်ကိုအကျိုးမပြုတတ်။ ယုံကြည်ခြင်း အားဖြင့်သာလျှင် ထိုအကြံအစည်တော် ကိုသိနိုင်လေသည်။-
5. ဤသို့ပညတ်ရခြင်းအကြောင်းမှာသန့်စင် သောမေတ္တာ၊ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းကိုနှိုးဆွပေး လို၍ဖြစ်၏။-
6. လူအချို့တို့သည်ဆိုခဲ့သောသဘောမျိုးကို မကျင့်ဘဲ အကျိုးမဲ့ပြောဆိုငြင်းခုံမှုများ ပြု၍လမ်းလွဲသွားကြပြီ။-
7. ထိုသူတို့သည်မိမိတို့ပြောဆိုသောစကား များကိုသော်လည်းကောင်း၊ မိမိတို့ပိုင်နိုင်စွာ ပြောဆိုသည့်အကြောင်းအရာများကိုသော် လည်းကောင်းနားမလည်ကြ။ သို့နှင့်လည်းသူ တို့သည်ဘုရားသခင်၏ပညတ်ဆိုင်ရာ နည်းပြဆရာများလုပ်လိုသေး၏။
8. ပညတ်တရားကိုအသုံးပြုသင့်သည်အတိုင်း အသုံးပြုလျှင် ပညတ်တရားသည်ကောင်းမြတ် ကြောင်းကိုငါတို့သိကြ၏။-
12-13. ငါသည်ဤအမှုတော်ကိုဆောင်ရွက်နိုင်ရန် ငါ့အားခွန်အားကိုပေးတော်မူသော ငါတို့ အရှင်ခရစ်တော်ယေရှု၏ကျေးဇူးတော်ကို ချီးမွမ်း၏။ ငါသည်ယခင်ကကိုယ်တော်အား ပုတ်ခတ်ပြောဆိုခဲ့သူ၊ ညှဉ်းပန်းနှိပ်စက်ခဲ့သူ၊ စော်ကားခဲ့သူဖြစ်သော်လည်းကိုယ်တော်သည် ငါ့အားထိုက်တန်သူဟုမှတ်ယူတော်မူလျက် ဤအလုပ်တာဝန်ကိုအပ်နှင်းတော်မူသော ကြောင့်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ၏။ ထိုစဉ်အခါကငါသည်ကိုယ်တော်ကို ယုံကြည်သူမဟုတ်သဖြင့် မသိနားမလည် သည့်အတွက် ယင်းသို့ပြုကျင့်မိခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်ကိုယ်တော်သည်ငါ့အားကရုဏာ ထားတော်မူပေသည်။-