1. ငါတို့၏ကယ်တင်ရှင်ဘုရားသခင်နှင့်ငါ တို့မျှော်လင့်ရာဖြစ်သောခရစ်တော်ယေရှု၏ အမိန့်တော်အရ ခရစ်တော်ယေရှု၏တမန် တော်အဖြစ်ခန့်ထားခြင်းခံရသောငါ ပေါလုထံမှ၊
2. ယုံကြည်ခြင်းအားဖြင့်ငါ၏သားစစ်ဖြစ် သောတိမောသေထံသို့စာရေးလိုက်ပါသည်။သင်သည်အဖဘုရားသခင်နှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှ ကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
5. ဤသို့ပညတ်ရခြင်းအကြောင်းမှာသန့်စင် သောမေတ္တာ၊ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းကိုနှိုးဆွပေး လို၍ဖြစ်၏။-
6. လူအချို့တို့သည်ဆိုခဲ့သောသဘောမျိုးကို မကျင့်ဘဲ အကျိုးမဲ့ပြောဆိုငြင်းခုံမှုများ ပြု၍လမ်းလွဲသွားကြပြီ။-
7. ထိုသူတို့သည်မိမိတို့ပြောဆိုသောစကား များကိုသော်လည်းကောင်း၊ မိမိတို့ပိုင်နိုင်စွာ ပြောဆိုသည့်အကြောင်းအရာများကိုသော် လည်းကောင်းနားမလည်ကြ။ သို့နှင့်လည်းသူ တို့သည်ဘုရားသခင်၏ပညတ်ဆိုင်ရာ နည်းပြဆရာများလုပ်လိုသေး၏။
8. ပညတ်တရားကိုအသုံးပြုသင့်သည်အတိုင်း အသုံးပြုလျှင် ပညတ်တရားသည်ကောင်းမြတ် ကြောင်းကိုငါတို့သိကြ၏။-
9. သို့ရာတွင်တရားဥပဒေများကိုလူကောင်း တို့အတွက်မဟုတ်။ တရားလက်လွတ်စည်းမဲ့ ကမ်းမဲ့ကျင့်ကြံသူများ၊ ပြစ်မှုကူးလွန်သူ များ၊ ဘုရားကိုမကြည်ညိုသူများ၊ အပြစ် ကူးသူများ၊ ဘာသာတရားကိုင်းရှိုင်းမှု မရှိသူများ၊ အဖကိုသတ်သူများနှင့် အမိကိုသတ်သူများ၊ သူသတ်သမားများ၊-
10. အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-