၁ ကော 9:12-22 Common Language Bible (BCL)

12. သင်​တို့​ထံ​မှ​အ​ခြား​သူ​တို့​သည်​ဤ​သို့​ရ ပိုင်​ခွင့်​ရှိ​လျှင် ငါ​တို့​သည်​ပို​၍​ပင်​ရ​ပိုင်​ခွင့် ရှိ​သည်​မ​ဟုတ်​လော။သို့​သော်​ငါ​တို့​သည်​ထို​အ​ခွင့်​အ​ရေး​ကို မ​ယူ​ခဲ့​ကြ။ ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​ဆီး​အ​တား မ​ဖြစ်​စေ​ရန်​တွေ့​ကြုံ​ရ​သော​အ​ခက်​အ​ခဲ ရှိ​သ​မျှ​ကို​ရင်​ဆိုင်​သည်း​ခံ​ခဲ့​ကြ​၏။-

13. ဗိ​မာန်​တော်​တွင်​အ​မှု​ထမ်း​ဆောင်​သူ​များ​သည် ဗိ​မာန်​တော်​မှ​အ​စား​အ​စာ​ကို​ရ​ကြ​သည် ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​သူ​များ​သည်​လည်း ယဇ်​ကောင်​မှ​ဝေ​စု​ကို​ရ​ကြ​သည်​ကို​လည်း ကောင်း​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။-

14. ထို​နည်း​တူ​စွာ​သတင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​သူ​တို့​သည်​လည်း သ​တင်း​ကောင်း အား​ဖြင့်​အ​သက်​မွေး​ရ​မည်​ဟူ​၍​သ​ခင် ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​၏။

15. သို့​ရာ​တွင်​ငါ​သည်​ထို​အ​ခွင့်​အ​ရေး​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​ယူ​ခဲ့။ ထို​ကဲ့​သို့​သော​အ​ခွင့် ရေး​များ​ကို​တောင်း​ဆို​လို​သော​ကြောင့် ဤ​စာ ကို​ရေး​လိုက်​ခြင်း​လည်း​မ​ဟုတ်။ ဤ​သို့​တောင်း ဆို​ရ​ခြင်း​ထက်​သေ​ရ​ခြင်း​က​ပို​၍​ကောင်း​၏။-

16. ငါ​၏​ဝါ​ကြွား​မှု​ကို​အ​ချည်း​နှီး​ဖြစ်​စေ​ရန် ပြု​လုပ်​ခွင့်​ကို​မည်​သူ​အား​မျှ​ပေး​လိမ့်​မည် မ​ဟုတ်။ သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရ​သည့် အ​တွက် ငါ့​မှာ​ဝါ​ကြွား​နိုင်​ခွင့်​မ​ရှိ။ ငါ​သည် အ​မိန့်​တော်​အ​ရ​ကြေ​ညာ​ခြင်း​ဖြစ်​သည်။ အ​ကယ်​၍​ထို​သ​တင်း​ကောင်း​ကို​မ​ကြေ ညာ​လျှင် ငါ​သည်​အ​ဘယ်​မျှ​အ​မင်္ဂ​လာ ရှိ​လိမ့်​မည်​နည်း။-

17. အ​ကယ်​၍​ငါ​သည်​အ​လုပ်​ကို​ငါ​၏​ဆန္ဒ အ​လျောက်​ရွေး​ချယ်​လုပ်​ကိုင်​ပါ​မူ အ​ခ​ကြေး ငွေ​ကို​စောင့်​မျှော်​နိုင်​ပေ​သည်။ သို့​ရာ​တွင်​ဤ အ​လုပ်​ကို​ဘု​ရား​သ​ခင်​ငါ့​အား​ပေး​အပ် ထား​သ​ဖြင့် ငါ​သည်​ဝတ္တ​ရား​အ​နေ​ဖြင့် လုပ်​ဆောင်​ရ​၏။-

18. သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ်​အ​ခ​ကြေး​ငွေ ခံ​စား​ရ​သ​နည်း။ ငါ​ခံ​စား​ရ​သည့်​အ​ကျိုး မှာ​သ​တင်း​ကောင်း​ကို​အ​ခ​ကြေး​ငွေ​မ​ယူ ဘဲ​ဟော​ပြော​ခွင့်​နှင့် ထို​သို့​ဟော​ပြော​သည့် အ​တွက် ရ​ပိုင်​ခွင့်​များ​ကို​မ​တောင်း​ဆို​ဘဲ နေ​နိုင်​ခွင့်​တို့​ပင်​ဖြစ်​၏။

19. ငါ​သည်​မည်​သူ့​ကျွန်​မျှ​မ​ဟုတ်။ လွတ်​လပ်​သူ ဖြစ်​၏။ သို့​ရာ​တွင်​ခ​ရစ်​တော်​ကို​ယုံ​ကြည်​သူ ဦး​ရေ​များ​နိုင်​သ​မျှ​တိုး​တက်​များ​ပြား လာ​စေ​ရန် ငါ​သည်​လူ​တိုင်း​၏​ကျွန်​ဖြစ်​၏။-

20. ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင်​အ​မှု တော်​ဆောင်​စဉ် သူ​တို့​ကို​ကယ်​တင်​နိုင်​ရန်​ယု​ဒ အ​မျိုး​သား​ကဲ့​သို့​နေ​ထိုင်​၏။ ထို​သူ​တို့​ကို ကယ်​တင်​နိုင်​ရန်​ငါ​သည်​ပ​ညတ်​တ​ရား​စောင့် ထိန်း​သူ​မ​ဟုတ်​သော်​လည်း ပ​ညတ်​တ​ရား စောင့်​ထိန်း​သူ​ကဲ့​သို့​ငါ​နေ​ထိုင်​၏။-

21. ထို​နည်း​တူ​စွာ​လူ​မျိုး​ခြား​များ​ထံ​တွင် အ​မှု တော်​ဆောင်​စဉ်​သူ​တို့​ကို​ကယ်​တင်​နိုင်​ရန် ပ​ညတ် တ​ရား​ကို​မ​ကျင့်​သုံး​ဘဲ လူ​မျိုး​ခြား​ကဲ့​သို့ နေ​ထိုင်​၏။ ဤ​သို့​ဆို​ရာ​၌​ငါ​သည်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​ကို မ​လိုက်​နာ​ဟု​မ​ဆို လို။ အ​မှန်​အား​ဖြင့်​ဆို​သော် ငါ​သည်​ခ​ရစ်​တော် ၏​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​သူ​ဖြစ် သည်။-

22. ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​တို့​အ​ထဲ သို့​ရောက်​သော​အ​ခါ ထို​သူ​တို့​ကို​ကယ်​တင်​နိုင် ရန်​ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​ကဲ့​သို့ နေ​ထိုင်​၏။ အ​ချို့​သော​သူ​တို့​ကို​တစ်​နည်း နည်း​အား​ဖြင့် ကယ်​တင်​နိုင်​ရန်​ငါ​သည်​လူ အ​မျိုး​မျိုး​အ​ထဲ​၌​အ​မျိုး​မျိုး​နေ​ထိုင်​၏။

၁ ကော 9