၁ ကော 9:1-13 Common Language Bible (BCL)

1. ငါ​သည်​လွတ်​လပ်​သူ​မ​ဟုတ်​ပါ​လော။ တ​မန် တော်​တစ်​ပါး​မ​ဟုတ်​ပါ​လော။ ငါ​တို့​အ​ရှင် သ​ခင်​ယေ​ရှု​ကို​ဖူး​မြင်​ခဲ့​ရ​သူ​မ​ဟုတ် ပါ​လော။ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏​အ​မှု တော်​ကို ငါ​ထမ်း​ဆောင်​ခြင်း​မှ​ထွက်​ပေါ်​လာ သော​အ​သီး​အ​ပွင့်​များ​မ​ဟုတ်​ပါ​လော။-

2. အ​ခြား​သူ​များ​သည်​ငါ့​အား​တ​မန်​တော် အ​ဖြစ်​ဖြင့်​လက်​မ​ခံ​ကြ​စေ​ကာ​မူ သင်​တို့ လက်​ခံ​ကြ​သည်​မ​ဟုတ်​ပါ​လော။ ငါ​သည် သ​ခင်​ဘု​ရား​၏​တ​မန်​တော်​ဖြစ်​ကြောင်း သက်​သေ​ပြ​ရန်​မှာ သ​ခင်​ဘု​ရား​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ရှိ​ပြီး​အ​သက်​ရှင်​ကြ သော​သင်​တို့​ပင်​ဖြစ်​ပေ​သည်။

3. ငါ့​ကို​ပြစ်​တင်​ဝေ​ဖန်​ကြ​သူ​တို့​အား​ဤ​သို့ ငါ​ပြော​လို​၏။-

4. ငါ​၏​လုပ်​ဆောင်​မှု​အ​တွက်​ငါ့​မှာ​စား​သောက် ပိုင်​ခွင့်​မ​ရှိ​သ​လော။-

5. ပေ​တ​ရု​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​ဘု​ရား ၏​ညီ​တော်​များ​နှင့်​အ​ခြား​တ​မန်​တော်​များ ကဲ့​သို့​လည်း​ကောင်း ငါ​သည်​ခ​ရီး​သွား​ရာ​၌ ယုံ​ကြည်​သူ​ဇ​နီး​ကို​ခေါ်​ဆောင်​သွား​ပိုင် ခွင့်​မ​ရှိ​သ​လော။-

6. ငါ​နှင့်​ဗာ​န​ဗ​တို့​သာ​လျှင်​မိ​မိ​တို့​စား​ဝတ် နေ​ရေး​အ​တွက် အ​လုပ်​လုပ်​ရ​မည်​လော။ အ​ဘယ် စစ်​သား​သည်​မိ​မိ​၏​စ​ရိတ်​နှင့်​အ​မှု​ထမ်း​ရ သ​နည်း။-

7. အ​ဘယ်​ဥ​ယျာဉ်​မှူး​သည်​မိ​မိ​စိုက်​ပျိုး​သည့် စ​ပျစ်​ဥ​ယျာဉ်​မှ စ​ပျစ်​သီး​ကို​မ​စား​ဘဲ​နေ သ​နည်း။ အ​ဘယ်​သိုး​ထိန်း​သည်​မိ​မိ​ထိန်း ကျောင်း​ရ​သည့်​သိုး​များ​မှ​နို့​ကို​မ​သုံး ဆောင်​ဘဲ​နေ​သ​နည်း။

8. ယ​ခု​ဖော်​ပြ​သည့်​ဥ​ပ​မာ​များ​သာ​မ​က၊ ပ​ညတ်​ကျမ်း​က​လည်း​ဤ​အ​တိုင်း​ပင်​ထောက် ခံ​ပေ​သည်။-

9. မော​ရှေ​၏​ပ​ညတ်​ကျမ်း​တွင် ``စ​ပါး​နယ်​သည့် နွား​ကို​ပါး​ချုပ်​တတ်​၍​မ​ထား​ရ'' ဟု​ပါ​ရှိ​၏။ ဤ​သို့​မိန့်​တော်​မူ​ရာ​၌​ဘု​ရား​သ​ခင်​သည် နွား​အ​တွက်​မိန့်​တော်​မူ​သ​လော။-

10. ငါ​တို့​အ​တွက်​အ​ကယ်​ပင်​မိန့်​တော်​မူ​ခြင်း မ​ဟုတ်​လော။ အ​ကယ်​ပင်​ငါ​တို့​အ​တွက်​ရေး သား​ထား​ခြင်း​ဖြစ်​သည်။ လယ်​ထွန်​သော​သူ နှင့်​ရိတ်​သိမ်း​သော​သူ​တို့​သည် မိ​မိ​တို့​၏​ဝေ စု​ကို​မျှော်​လင့်​လျက်​လုပ်​ကိုင်​ကြ​ရာ​၏။-

11. ငါ​တို့​သည်​သင်​တို့​၌​ဋ္ဌမ္မ​မျိုး​စေ့​ကို​စိုက်​ပျိုး ခဲ့​ပြီး​နောက် သင်​တို့​ထံ​မှ​ရုပ်​ပိုင်း​ဆိုင်​ရာ အ​ကျိုး​ကျေး​ဇူး​များ​ကို​ရိတ်​သိမ်း​ကြ​လျှင် ငါ​တို့​လွန်​ရာ​ကျ​မည်​လော။-

12. သင်​တို့​ထံ​မှ​အ​ခြား​သူ​တို့​သည်​ဤ​သို့​ရ ပိုင်​ခွင့်​ရှိ​လျှင် ငါ​တို့​သည်​ပို​၍​ပင်​ရ​ပိုင်​ခွင့် ရှိ​သည်​မ​ဟုတ်​လော။သို့​သော်​ငါ​တို့​သည်​ထို​အ​ခွင့်​အ​ရေး​ကို မ​ယူ​ခဲ့​ကြ။ ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​ဆီး​အ​တား မ​ဖြစ်​စေ​ရန်​တွေ့​ကြုံ​ရ​သော​အ​ခက်​အ​ခဲ ရှိ​သ​မျှ​ကို​ရင်​ဆိုင်​သည်း​ခံ​ခဲ့​ကြ​၏။-

13. ဗိ​မာန်​တော်​တွင်​အ​မှု​ထမ်း​ဆောင်​သူ​များ​သည် ဗိ​မာန်​တော်​မှ​အ​စား​အ​စာ​ကို​ရ​ကြ​သည် ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​သူ​များ​သည်​လည်း ယဇ်​ကောင်​မှ​ဝေ​စု​ကို​ရ​ကြ​သည်​ကို​လည်း ကောင်း​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။-

၁ ကော 9