4. မယားသည်မိမိကိုယ်ခန္ဓာကိုမပိုင်။ လင်သာ လျှင်ပိုင်၏။ ထိုနည်းတူလင်သည်မိမိကိုယ်ခန္ဓာ ကိုမပိုင်။ မယားသာလျှင်ပိုင်၏။-
5. သင်တို့သည်ဆုတောင်းပတ္ထနာအတွက်အချိန် ပေးရန် ကြိုတင်သဘောတူညီချက်အရခေတ္တ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိတို့၏လင်မယား ဝတ်များကိုမပျက်မကွက်ကြစေနှင့်။ ဆုတောင်း ပတ္ထနာပြုချိန်ကုန်ဆုံးသောအခါ၌မူ ပြန် လည်ပေါင်းသင်း၍နေကြလော့။ သို့မှသာလျှင် မိမိတို့၏စိတ်ကိုချုပ်တည်းနိုင်လျက် စာတန် သွေးဆောင်ခြင်းကိုခံနိုင်ကြလိမ့်မည်။
6. ဤသို့ဆိုရာ၌ငါသည်သင်တို့အားအမိန့်ပေး ခြင်းမဟုတ်။ ခွင့်ပြုခြင်းသာဖြစ်၏။-
7. အကယ်စင်စစ်ငါသည်လူတိုင်းကိုငါကဲ့သို့ပင် ဖြစ်စေလို၏။ သို့ရာတွင်ဘုရားသခင်သည်လူ တစ်ဦးစီအားထူးခြားသည့်ဆုကျေးဇူးကို ပေးတော်မူ၏။
8. သို့ဖြစ်၍အိမ်ထောင်မရှိသူများနှင့်မုဆိုးမ များအား ငါကဲ့သို့တစ်ကိုယ်တည်းဆက်လက်နေ ထိုင်နိုင်လျှင်ပို၍ကောင်းလိမ့်မည်။-
9. သို့သော်သင်တို့၏စိတ်ကိုမချုပ်တည်းနိုင်လျှင်မူ ကား အိမ်ထောင်ပြုကြလော့။ စိတ်ပူလောင်ခြင်းရှိ သည်ထက်အိမ်ထောင်ပြုခြင်းကပို၍ကောင်းလိမ့် မည်။
10. အိမ်ထောင်သည်များအားငါပညတ်လို၏။ ယင်း ပညတ်မှာငါ၏ပညတ်မဟုတ်။ သခင်ဘုရား ၏ပညတ်ဖြစ်၏။ မယားသည်မိမိ၏လင်နှင့် ခွဲခွာ၍မနေရ။-
11. ခွဲခွာ၍နေလျှင်လည်းနောက်ထပ်အိမ်ထောင် မပြုဘဲနေရမည်။ သို့မဟုတ်မိမိလင်နှင့် ပြန်လည်၍ပေါင်းသင်းရမည်။ လင်သည်လည်း မိမိမယားကိုမကွာမရှင်းရ။-
12. (သခင်ဘုရားပညတ်တော်မမူသော်လည်း) အခြားသူတို့အားငါပညတ်လိုသည်မှာ ယုံကြည်သူအမျိုးသားတစ်ယောက်သည် မယုံကြည်သူမယားရှိက ထိုအမျိုးသမီး ကဆက်လက်ပေါင်းသင်းနေလိုပါမူ သူ့အား မကွာမရှင်းရဟူ၍ပင်ဖြစ်၏။-
13. ထိုနည်းတူယုံကြည်သူအမျိုးသမီးတစ်ယောက် သည် မယုံကြည်သူလင်ရှိ၍ ထိုအမျိုးသားက ဆက်လက်ပေါင်းသင်းနေလိုပါလျှင်သူ့အား မကွာမရှင်းရ။-
14. ယုံကြည်သူအမျိုးသားသည် မယုံကြည်သူ မယားနှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ မယုံကြည်သူအမျိုးသမီးသည် ယုံကြည်သူ လင်နှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ ဘုရား သခင်နှစ်သက်လက်ခံသူများဖြစ်လာပေသည်။ အကယ်၍ဤသို့မဖြစ်ပါမူသင်တို့၏သား သမီးများသည် ဘုရားမဲ့သူများဖြစ်ကြ ပေတော့အံ့။ ယခုမှာမူထိုသားသမီးတို့ သည်ဘုရားသခင်နှစ်သက်လက်ခံသူများ ဖြစ်ကြ၏။-
15. သို့သော်မယုံကြည်သူမဟုတ်သူအမျိုးသား ကသော်လည်းကောင်း၊ အမျိုးသမီးကသော် လည်းကောင်း ကွာရှင်းလိုလျှင်ကွာရှင်းပါစေ။ ဤ အမှုမျိုးတွင်ယုံကြည်သူခင်ပွန်းဖြစ်စေ၊ ဇနီး ဖြစ်စေလွတ်လပ်စွာပြုနိုင်ခွင့်ရှိ၏။ ဘုရားသခင် သည်သင်တို့အား သင့်တင့်အေးချမ်းစွာနေထိုင် ကြစေရန် ခေါ်ယူရွေးကောက်တော်မူ၏။-