၁ ကော 7:25-32 Common Language Bible (BCL)

25. သင်​တို့​စာ​ရေး​မေး​မြန်း​သည့်​အိမ်​ထောင်​မ​ပြု​ဘဲ နေ​ရေး​ကိစ္စ​နှင့်​ပတ်​သက်​၍​ငါ​ပြော​မည့်​စ​ကား သည် ငါ့​အား​သ​ခင်​ဘု​ရား​မိန့်​တော်​မူ​ချက်​အ​ရ ပြော​သော​စ​ကား​မ​ဟုတ်။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား ၏​က​ရု​ဏာ​တော်​ကြောင့်​ယုံ​ကြည်​ထိုက်​သူ​တစ် ယောက်​အ​နေ​ဖြင့် ငါ​၏​ထင်​မြင်​ချက်​ကို​ဖော်​ပြ လိုက်​ပါ​သည်။

26. ယ​ခု​ကြုံ​တွေ့​နေ​ရ​သည့်​ခေတ်​ဆိုး​ကြောင့်​အ​မျိုး သား​တစ်​ယောက်​သည် ရှိ​မြဲ​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​နေ​ထိုင်​လျှင်​ကောင်း​ပေ​မည်။-

27. သင်​သည်​အိမ်​ထောင်​သည်​ဖြစ်​လျှင် မိ​မိ​၏​ဇ​နီး ကို​စွန့်​ပယ်​ရန်​မ​ကြံ​စည်​နှင့်။ အိမ်​ထောင်​သည်​မ​ဟုတ် ပါ​က​အိမ်​ထောင်​ပြု​ရန်​မ​ကြံ​စည်​နှင့်။-

28. သို့​သော်​အိမ်​ထောင်​ပြု​လျှင်​လည်း​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကူး​လွန်​ခြင်း​မ​ဟုတ်။ အိမ်​ထောင်​မ​ရှိ သည့်​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​ပြု​ခဲ့​သော် မည်​သည့်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်။ သို့​ရာ​တွင် အိမ်​ထောင်​သည်​တို့​နေ့​စဉ်​တွေ့​ကြုံ​ကြ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​နှင့် သင်​တို့​အား​ကင်း​ဝေး​စေ လို​၍​ဤ​သို့​ငါ​ပြော​ရ​ခြင်း​ဖြစ်​၏။

29. ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ အ​ချိန်​ကာ​လ​ကုန်​ဆုံး​တော့​မည်။ ယ​ခု​မှ​စ​၍ အိမ်​ထောင်​ရှင်​အ​မျိုး​သား​များ​သည်​အိမ်​ထောင် မ​ရှိ​သ​ကဲ့​သို့​နေ​အပ်​၏။-

30. ငို​ကြွေး​သူ​များ​သည်​ဝမ်း​မ​နည်း​သ​ကဲ့​သို့ လည်း​ကောင်း၊ ရယ်​မော​သူ​များ​သည်​ဝမ်း​မ​မြောက် သ​ကဲ့​သို့​လည်း​ကောင်း​နေ​အပ်​၏။ ဥစ္စာ​ပစ္စည်း ဝယ်​ယူ​သူ​များ​သည်​ထို​ဥစ္စာ​ပစ္စည်း​ကို​မ​ပိုင် သ​ကဲ့​သို့​နေ​အပ်​၏။-

31. လော​က​ဥစ္စာ​ဘဏ္ဍာ​ကို​သုံး​သော​သူ​တို့​သည် မ​သုံး​သ​ကဲ့​သို့​နေ​အပ်​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ယ​ခု​လက်​ရှိ​ကမ္ဘာ​လော​က​ကြီး​သည် ကာ​လ​ကြာ​မြင့်​စွာ​တည်​ရှိ​နေ​တော့​မည် မ​ဟုတ်​သော​ကြောင့်​တည်း။

32. ငါ​သည်​သင်​တို့​အား​ပူ​ပန်​သော​က​နှင့်​ကင်း​ဝေး စေ​လို​၏။ အိမ်​ထောင်​မဲ့​အ​မျိုး​သား​သည်​သ​ခင် ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ပြု​လုပ် လို​သော​ကြောင့် သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​အ​လေး​အ​နက်​ထား​တတ်​၏။-

၁ ကော 7