23. သင်တို့ကိုဘုရားသခင်သည်အဖိုးအခပေး ၍ဝယ်ယူထားတော်မူသဖြင့်လူတို့ထံတွင် ကျွန်မခံကြနှင့်။-
24. ညီအစ်ကိုတို့၊ သင်တို့သည်ရွေးကောက်တော်မူ ခြင်းခံရစဉ်အခါကရှိခဲ့သည့်အခြေအနေ ၌ပင် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့လျက် ဆက်လက်နေထိုင်ရကြ၏။
25. သင်တို့စာရေးမေးမြန်းသည့်အိမ်ထောင်မပြုဘဲ နေရေးကိစ္စနှင့်ပတ်သက်၍ငါပြောမည့်စကား သည် ငါ့အားသခင်ဘုရားမိန့်တော်မူချက်အရ ပြောသောစကားမဟုတ်။ သို့ရာတွင်သခင်ဘုရား ၏ကရုဏာတော်ကြောင့်ယုံကြည်ထိုက်သူတစ် ယောက်အနေဖြင့် ငါ၏ထင်မြင်ချက်ကိုဖော်ပြ လိုက်ပါသည်။
26. ယခုကြုံတွေ့နေရသည့်ခေတ်ဆိုးကြောင့်အမျိုး သားတစ်ယောက်သည် ရှိမြဲအခြေအနေအတိုင်း ဆက်လက်နေထိုင်လျှင်ကောင်းပေမည်။-
27. သင်သည်အိမ်ထောင်သည်ဖြစ်လျှင် မိမိ၏ဇနီး ကိုစွန့်ပယ်ရန်မကြံစည်နှင့်။ အိမ်ထောင်သည်မဟုတ် ပါကအိမ်ထောင်ပြုရန်မကြံစည်နှင့်။-
28. သို့သော်အိမ်ထောင်ပြုလျှင်လည်းအပြစ်တစ်စုံ တစ်ရာကူးလွန်ခြင်းမဟုတ်။ အိမ်ထောင်မရှိ သည့်အမျိုးသမီးသည်အိမ်ထောင်ပြုခဲ့သော် မည်သည့်အပြစ်ကိုမျှမကူးလွန်။ သို့ရာတွင် အိမ်ထောင်သည်တို့နေ့စဉ်တွေ့ကြုံကြရမည့် ဆင်းရဲဒုက္ခများနှင့် သင်တို့အားကင်းဝေးစေ လို၍ဤသို့ငါပြောရခြင်းဖြစ်၏။
29. ညီအစ်ကိုတို့၊ ငါဆိုလိုသည်ကားဤသို့တည်း။ အချိန်ကာလကုန်ဆုံးတော့မည်။ ယခုမှစ၍ အိမ်ထောင်ရှင်အမျိုးသားများသည်အိမ်ထောင် မရှိသကဲ့သို့နေအပ်၏။-
30. ငိုကြွေးသူများသည်ဝမ်းမနည်းသကဲ့သို့ လည်းကောင်း၊ ရယ်မောသူများသည်ဝမ်းမမြောက် သကဲ့သို့လည်းကောင်းနေအပ်၏။ ဥစ္စာပစ္စည်း ဝယ်ယူသူများသည်ထိုဥစ္စာပစ္စည်းကိုမပိုင် သကဲ့သို့နေအပ်၏။-
31. လောကဥစ္စာဘဏ္ဍာကိုသုံးသောသူတို့သည် မသုံးသကဲ့သို့နေအပ်၏။ အဘယ်ကြောင့်ဆို သော်ယခုလက်ရှိကမ္ဘာလောကကြီးသည် ကာလကြာမြင့်စွာတည်ရှိနေတော့မည် မဟုတ်သောကြောင့်တည်း။
32. ငါသည်သင်တို့အားပူပန်သောကနှင့်ကင်းဝေး စေလို၏။ အိမ်ထောင်မဲ့အမျိုးသားသည်သခင် ဘုရားနှစ်သက်တော်မူသောအမှုကိုပြုလုပ် လိုသောကြောင့် သခင်ဘုရား၏အမှုတော် ကိုအလေးအနက်ထားတတ်၏။-
33. သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသားမူကား မိမိ၏ဇနီးနှစ်သက်စေရန်စိတ်ဆန္ဒရှိသဖြင့် လောကီမှုရေးကိုအလေးအနက်ထားတတ်၏။-
34. ထို့ကြောင့်သူသည်စိတ်နှစ်ခွဖြစ်၍နေ၏။ အိမ် ထောင်မဲ့အမျိုးသမီးသို့မဟုတ်အပျိုဖြစ်သူ သည်သခင်ဘုရားအား မိမိ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုပါဆက်ကပ်လိုသဖြင့် သခင် ဘုရား၏အမှုတော်ကိုအလေးအနက်ထား တတ်၏။ သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသမီး မူကား မိမိခင်ပွန်းနှစ်သက်စေရန်စိတ်ဆန္ဒ ရှိသဖြင့်လောကီမှုရေးကိုအလေးအနက် ထားတတ်၏။
35. ဤသို့ငါပြောရခြင်းမှာသင်တို့၏အကျိုးကို လိုလား၍ပြောခြင်းဖြစ်၏။ သင်တို့အားချုပ် ချယ်လိုသောကြောင့်မဟုတ်။ သင်တို့အားမှန် ကန်လျောက်ပတ်စွာပြုကျင့်ကြစေရန်နှင့် သခင်ဘုရား၏အမှုတော်ကိုဦးလည်မသုန် အကြွင်းမဲ့ဆက်ကပ်လျက်ထမ်းဆောင်ကြ စေရန်လိုလားသောကြောင့်ဖြစ်၏။