၁ ကော 7:19-27 Common Language Bible (BCL)

19. အ​ရေ​ဖျား​လှီး​ခံ​သည်​မ​ခံ​သည်​မှာ​ပ​ဋ္ဌာ​န မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​ကို စောင့်​ထိန်း​ခြင်း​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ်​၏။-

20. လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​စဉ်​အ​ချိန်​က​မိ​မိ​လုပ်​ကိုင်​နေ​သည့် အ​လုပ်​ကို​ဆက်​လက်​လုပ်​ကိုင်​ရာ​၏။-

21. ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​ချိန်​တွင်​သင်​သည် ကျွန်​ဖြစ်​ပါ​လျှင်​ကိစ္စ​မ​ရှိ။ သို့​သော်​ကျွန်​အ​ဖြစ် မှ​လွတ်​မြောက်​ခွင့်​ရ​မည်​ဆို​ပါ​က​ထို​အ​ခွင့် ကို​ယူ​လော့။-

22. ကျွန်​ဖြစ်​စဉ်​သ​ခင်​ဘု​ရား​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​သူ​သည်​သ​ခင်​ဘု​ရား​၏​လွတ်​မြောက် သူ​ဖြစ်​၏။ ထို​နည်း​တူ​စွာ​လွတ်​မြောက်​သူ​သည် ခ​ရစ်​တော်​၏​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ သော​အ​ခါ​ခ​ရစ်​တော်​၏​ကျွန်​ဖြစ်​လာ​၏။-

23. သင်​တို့​ကို​ဘု​ရား​သ​ခင်​သည်​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့်​လူ​တို့​ထံ​တွင် ကျွန်​မ​ခံ​ကြ​နှင့်။-

24. ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​စဉ်​အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ ၌​ပင် ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက် ဆက်​လက်​နေ​ထိုင်​ရ​ကြ​၏။

25. သင်​တို့​စာ​ရေး​မေး​မြန်း​သည့်​အိမ်​ထောင်​မ​ပြု​ဘဲ နေ​ရေး​ကိစ္စ​နှင့်​ပတ်​သက်​၍​ငါ​ပြော​မည့်​စ​ကား သည် ငါ့​အား​သ​ခင်​ဘု​ရား​မိန့်​တော်​မူ​ချက်​အ​ရ ပြော​သော​စ​ကား​မ​ဟုတ်။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား ၏​က​ရု​ဏာ​တော်​ကြောင့်​ယုံ​ကြည်​ထိုက်​သူ​တစ် ယောက်​အ​နေ​ဖြင့် ငါ​၏​ထင်​မြင်​ချက်​ကို​ဖော်​ပြ လိုက်​ပါ​သည်။

26. ယ​ခု​ကြုံ​တွေ့​နေ​ရ​သည့်​ခေတ်​ဆိုး​ကြောင့်​အ​မျိုး သား​တစ်​ယောက်​သည် ရှိ​မြဲ​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​နေ​ထိုင်​လျှင်​ကောင်း​ပေ​မည်။-

27. သင်​သည်​အိမ်​ထောင်​သည်​ဖြစ်​လျှင် မိ​မိ​၏​ဇ​နီး ကို​စွန့်​ပယ်​ရန်​မ​ကြံ​စည်​နှင့်။ အိမ်​ထောင်​သည်​မ​ဟုတ် ပါ​က​အိမ်​ထောင်​ပြု​ရန်​မ​ကြံ​စည်​နှင့်။-

၁ ကော 7