10. အိမ်ထောင်သည်များအားငါပညတ်လို၏။ ယင်း ပညတ်မှာငါ၏ပညတ်မဟုတ်။ သခင်ဘုရား ၏ပညတ်ဖြစ်၏။ မယားသည်မိမိ၏လင်နှင့် ခွဲခွာ၍မနေရ။-
11. ခွဲခွာ၍နေလျှင်လည်းနောက်ထပ်အိမ်ထောင် မပြုဘဲနေရမည်။ သို့မဟုတ်မိမိလင်နှင့် ပြန်လည်၍ပေါင်းသင်းရမည်။ လင်သည်လည်း မိမိမယားကိုမကွာမရှင်းရ။-
12. (သခင်ဘုရားပညတ်တော်မမူသော်လည်း) အခြားသူတို့အားငါပညတ်လိုသည်မှာ ယုံကြည်သူအမျိုးသားတစ်ယောက်သည် မယုံကြည်သူမယားရှိက ထိုအမျိုးသမီး ကဆက်လက်ပေါင်းသင်းနေလိုပါမူ သူ့အား မကွာမရှင်းရဟူ၍ပင်ဖြစ်၏။-
13. ထိုနည်းတူယုံကြည်သူအမျိုးသမီးတစ်ယောက် သည် မယုံကြည်သူလင်ရှိ၍ ထိုအမျိုးသားက ဆက်လက်ပေါင်းသင်းနေလိုပါလျှင်သူ့အား မကွာမရှင်းရ။-
14. ယုံကြည်သူအမျိုးသားသည် မယုံကြည်သူ မယားနှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ မယုံကြည်သူအမျိုးသမီးသည် ယုံကြည်သူ လင်နှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ ဘုရား သခင်နှစ်သက်လက်ခံသူများဖြစ်လာပေသည်။ အကယ်၍ဤသို့မဖြစ်ပါမူသင်တို့၏သား သမီးများသည် ဘုရားမဲ့သူများဖြစ်ကြ ပေတော့အံ့။ ယခုမှာမူထိုသားသမီးတို့ သည်ဘုရားသခင်နှစ်သက်လက်ခံသူများ ဖြစ်ကြ၏။-
15. သို့သော်မယုံကြည်သူမဟုတ်သူအမျိုးသား ကသော်လည်းကောင်း၊ အမျိုးသမီးကသော် လည်းကောင်း ကွာရှင်းလိုလျှင်ကွာရှင်းပါစေ။ ဤ အမှုမျိုးတွင်ယုံကြည်သူခင်ပွန်းဖြစ်စေ၊ ဇနီး ဖြစ်စေလွတ်လပ်စွာပြုနိုင်ခွင့်ရှိ၏။ ဘုရားသခင် သည်သင်တို့အား သင့်တင့်အေးချမ်းစွာနေထိုင် ကြစေရန် ခေါ်ယူရွေးကောက်တော်မူ၏။-
16. အချင်းအမျိုးသမီး၊ သင်သည်မိမိခင်ပွန်းဖြစ် သူကိုကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။ အချင်းအမျိုးသား၊ သင်သည်မိမိ၏ဇနီးကို ကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။
17. မည်သို့ပင်ဆိုစေ၊ လူအသီးသီးတို့သည်သခင် ဘုရားပေးတော်မူသည့်ဆုကျေးဇူးများနှင့် အညီ ဘုရားသခင်ရွေးကောက်တော်မူစဉ် အခါကရှိခဲ့သည့်အခြေအနေအတိုင်း ဆက်လက်၍အသက်ရှင်ရာ၏။ ဤနည်းအတိုင်း အသင်းတော်အားလုံးအားငါဟောပြောသွန် သင်၏။-
18. အရေဖျားလှီးမင်္ဂလာကိုခံယူပြီးသူသည် ရွေးကောက်တော်မူခြင်းခံရလျှင် အရေဖျားလှီး မင်္ဂလာဆိုင်ရာအမှတ်အသားများကိုစွန့်ပယ် ရန်မလို။ အရေဖျားလှီးမင်္ဂလာမခံယူခဲ့သူ သည်ရွေးကောက်တော်မူခြင်းခံရလျှင်အရေ ဖျားလှီးမင်္ဂလာခံယူရန်မလို။-
19. အရေဖျားလှီးခံသည်မခံသည်မှာပဋ္ဌာန မဟုတ်။ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းခြင်းသာလျှင်ပဋ္ဌာနဖြစ်၏။-
20. လူတိုင်းပင်ဘုရားသခင်ရွေးကောက်တော်မူ ခြင်းခံရစဉ်အချိန်ကမိမိလုပ်ကိုင်နေသည့် အလုပ်ကိုဆက်လက်လုပ်ကိုင်ရာ၏။-
21. ရွေးကောက်တော်မူခြင်းခံရချိန်တွင်သင်သည် ကျွန်ဖြစ်ပါလျှင်ကိစ္စမရှိ။ သို့သော်ကျွန်အဖြစ် မှလွတ်မြောက်ခွင့်ရမည်ဆိုပါကထိုအခွင့် ကိုယူလော့။-
22. ကျွန်ဖြစ်စဉ်သခင်ဘုရားရွေးကောက်တော်မူ ခြင်းခံရသူသည်သခင်ဘုရား၏လွတ်မြောက် သူဖြစ်၏။ ထိုနည်းတူစွာလွတ်မြောက်သူသည် ခရစ်တော်၏ရွေးကောက်တော်မူခြင်းခံရ သောအခါခရစ်တော်၏ကျွန်ဖြစ်လာ၏။-
23. သင်တို့ကိုဘုရားသခင်သည်အဖိုးအခပေး ၍ဝယ်ယူထားတော်မူသဖြင့်လူတို့ထံတွင် ကျွန်မခံကြနှင့်။-
24. ညီအစ်ကိုတို့၊ သင်တို့သည်ရွေးကောက်တော်မူ ခြင်းခံရစဉ်အခါကရှိခဲ့သည့်အခြေအနေ ၌ပင် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့လျက် ဆက်လက်နေထိုင်ရကြ၏။
25. သင်တို့စာရေးမေးမြန်းသည့်အိမ်ထောင်မပြုဘဲ နေရေးကိစ္စနှင့်ပတ်သက်၍ငါပြောမည့်စကား သည် ငါ့အားသခင်ဘုရားမိန့်တော်မူချက်အရ ပြောသောစကားမဟုတ်။ သို့ရာတွင်သခင်ဘုရား ၏ကရုဏာတော်ကြောင့်ယုံကြည်ထိုက်သူတစ် ယောက်အနေဖြင့် ငါ၏ထင်မြင်ချက်ကိုဖော်ပြ လိုက်ပါသည်။
26. ယခုကြုံတွေ့နေရသည့်ခေတ်ဆိုးကြောင့်အမျိုး သားတစ်ယောက်သည် ရှိမြဲအခြေအနေအတိုင်း ဆက်လက်နေထိုင်လျှင်ကောင်းပေမည်။-
27. သင်သည်အိမ်ထောင်သည်ဖြစ်လျှင် မိမိ၏ဇနီး ကိုစွန့်ပယ်ရန်မကြံစည်နှင့်။ အိမ်ထောင်သည်မဟုတ် ပါကအိမ်ထောင်ပြုရန်မကြံစည်နှင့်။-