1. သင်တို့ရေးသားပေးပို့လိုက်သောစာတွင် ပါ ရှိသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ဖြေကြားအံ့။ အမျိုးသားသည်အိမ်ထောင် မပြုဘဲနေနိုင်လျှင်ကောင်း၏။-
2. သို့သော်ကာမဂုဏ်လိုက်စားမှုများလွန်စွာ များပြားလျက်နေသဖြင့် အမျိုးသားတိုင်း မှာဇနီးရှိသင့်၏။ အမျိုးသမီးတိုင်းမှာလည်း ခင်ပွန်းရှိသင့်၏။-
3. လင်သည်မယားအားပြုသင့်သည့်ဝတ်ကိုလည်း ကောင်း၊ မယားသည်လင်အားပြုသင့်သည့်ဝတ်ကို လည်းကောင်းပြုလျက် တစ်ဦး၏အလိုကိုတစ်ဦး ကဖြည့်တင်းပေးရာ၏။-
4. မယားသည်မိမိကိုယ်ခန္ဓာကိုမပိုင်။ လင်သာ လျှင်ပိုင်၏။ ထိုနည်းတူလင်သည်မိမိကိုယ်ခန္ဓာ ကိုမပိုင်။ မယားသာလျှင်ပိုင်၏။-