၁ ကော 6:15-20 Common Language Bible (BCL)

15. သင်​တို့​ကိုယ်​ခန္ဓာ​များ​သည် ခ​ရစ်​တော်​၏​ကိုယ် အင်္ဂါ​များ​ဖြစ်​သည်​ကို​မ​သိ​ကြ​သ​လော။ ငါ သည်​ခ​ရစ်​တော်​၏​ကိုယ်​အင်္ဂါ​ကို​ယူ​၍ ပြည့်​တန် ဆာ​မ​၏​ကိုယ်​အင်္ဂါ​ဖြစ်​စေ​ရ​မည်​လော။ မ​ဖြစ် စေ​နိုင်။-

16. ပြည့်​တန်​ဆာ​မ​နှင့်​ဆက်​ဆံ​သော​သူ​သည် ပြည့် တန်​ဆာ​မ​နှင့်​တစ်​သား​တည်း​တစ်​ကိုယ်​တည်း ဖြစ်​သည်​ကို​သင်​တို့​မ​သိ​ကြ​သ​လော။ ကျမ်း စာ​တော်​က ``ထို​သူ​နှစ်​ယောက်​တို့​သည်​တစ် သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်'' ဟု ဆို​ပေ​သည်။-

17. သို့​ရာ​တွင်​သ​ခင်​ဘု​ရား​နှင့်​ဆက်​ဆံ​သူ​သည် ဝိ​ညာဉ်​သ​ဘော​အား​ဖြင့်​ကိုယ်​တော်​နှင့်​တစ် သား​တစ်​ကိုယ်​တည်း​ဖြစ်​သ​တည်း။

18. ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​ကို​ရှောင်​ကြ​လော့။ အ​ခြား​အ​ပြစ်​မှန်​သ​မျှ​သည်​လူ​၏​ကိုယ် ခန္ဓာ​အ​ကျိုး​ကို​မ​ထိ​မ​ခိုက်​စေ​နိုင်။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း​အ​ပြစ်​ကို​ကူး​လွန်​သူ​သည် ကား​မိ​မိ​၏​ကိုယ်​ခန္ဓာ​ကို​ပြစ်​မှား​၏။-

19. သင်​တို့​ကိုယ်​ခန္ဓာ​သည်​ဘု​ရား​သ​ခင်​သင်​တို့ အ​တွင်း​၌​ကိန်း​အောင်း​တော်​မူ​သော၊ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​၍ ဝိ​ညာဉ်​တော်​၏ ဗိ​မာန်​တော်​ဖြစ်​ကြောင်း​ကို​သင်​တို့​မ​သိ​ကြ သ​လော။ သင်​တို့​ကိုယ်​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား သ​ခင်​သာ​လျှင်​ပိုင်​တော်​မူ​၏။-

20. ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့် သင်​တို့​၏​ကိုယ် ခန္ဓာ​ကို​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​အ​တွက်​အ​သုံး​ပြု​ကြ လော့။

၁ ကော 6