13. ``အစားအစာသည်ဝမ်းအတွက်ဖြစ်၏။ ဝမ်း သည်လည်းအစားအစာအတွက်ဖြစ်၏'' ဟု သင်တို့ဆိုလိမ့်မည်။ ဤစကားသည်မှန်ပေ၏။ သို့ရာတွင်ဘုရားသခင်သည်ထိုအရာနှစ်ခု လုံးကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။ ကိုယ်ခန္ဓာ သည်ကာမဂုဏ်လိုက်စားရန်အတွက်မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ရန် အတွက်ဖြစ်၏။ ဘုရားသခင်သည်လည်းကိုယ် ခန္ဓာလိုအပ်သည်များကိုချပေးတော်မူ၏။-
14. ထာဝရဘုရားသည်သခင်ဘုရားကို ရှင်ပြန်ထမြောက်စေတော်မူ၏။ ငါတို့ကို လည်းတန်ခိုးတော်အားဖြင့်ရှင်ပြန်ထမြောက် စေတော်မူလိမ့်မည်။
15. သင်တို့ကိုယ်ခန္ဓာများသည် ခရစ်တော်၏ကိုယ် အင်္ဂါများဖြစ်သည်ကိုမသိကြသလော။ ငါ သည်ခရစ်တော်၏ကိုယ်အင်္ဂါကိုယူ၍ ပြည့်တန် ဆာမ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ မဖြစ် စေနိုင်။-
16. ပြည့်တန်ဆာမနှင့်ဆက်ဆံသောသူသည် ပြည့် တန်ဆာမနှင့်တစ်သားတည်းတစ်ကိုယ်တည်း ဖြစ်သည်ကိုသင်တို့မသိကြသလော။ ကျမ်း စာတော်က ``ထိုသူနှစ်ယောက်တို့သည်တစ် သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်'' ဟု ဆိုပေသည်။-
17. သို့ရာတွင်သခင်ဘုရားနှင့်ဆက်ဆံသူသည် ဝိညာဉ်သဘောအားဖြင့်ကိုယ်တော်နှင့်တစ် သားတစ်ကိုယ်တည်းဖြစ်သတည်း။
18. ကာမဂုဏ်လိုက်စားခြင်းကိုရှောင်ကြလော့။ အခြားအပြစ်မှန်သမျှသည်လူ၏ကိုယ် ခန္ဓာအကျိုးကိုမထိမခိုက်စေနိုင်။ ကာမဂုဏ် လိုက်စားခြင်းအပြစ်ကိုကူးလွန်သူသည် ကားမိမိ၏ကိုယ်ခန္ဓာကိုပြစ်မှား၏။-
19. သင်တို့ကိုယ်ခန္ဓာသည်ဘုရားသခင်သင်တို့ အတွင်း၌ကိန်းအောင်းတော်မူသော၊ ဘုရား သခင်ပေးသနားတော်မူ၍ ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကိုသင်တို့မသိကြ သလော။ သင်တို့ကိုယ်ကိုသင်တို့မပိုင်။ ဘုရား သခင်သာလျှင်ပိုင်တော်မူ၏။-
20. ကိုယ်တော်သည်သင်တို့အားအဖိုးအခပေး ၍ဝယ်ယူထားတော်မူသဖြင့် သင်တို့၏ကိုယ် ခန္ဓာကိုဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်အတွက်အသုံးပြုကြ လော့။