၁ ကော 5:11-12-13 Common Language Bible (BCL)

11. မိ​မိ​ကိုယ်​ကို​ညီ​အစ်​ကို​ဟု​ဆို​လျက် ကာ​မ ဂုဏ်​လိုက်​စား​သူ​များ၊ လော​ဘ​လွန်​ကူး​သူ များ၊ ရုပ်​တု​ဆင်း​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ တစ်​ပါး​အ​သ​ရေ​ကို​ဖျက်​သူ​များ၊ သေ​သောက် ကြူး​သူ​များ၊ သူ​ခိုး​များ​ဖြစ်​သူ​တို့​ကို​ဆို လို​၏။ ထို​လူ​စား​မျိုး​နှင့်​အ​တူ​စား​သောက် ခြင်း​ကို​ပင်​မ​ပြု​ကြ​နှင့်။

12-13. အ​သင်း​တော်​ဝင်​မ​ဟုတ်​သူ​တို့​ကို​စစ်​ကြော စီ​ရင်​ရန်​မှာ ငါ​၏​အ​လုပ်​မ​ဟုတ်။ ထို​သူ​တို့ ကို​ဘု​ရား​သ​ခင်​စစ်​ကြော​စီ​ရင်​တော်​မူ လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ ၏​အ​သင်း​တော်​ဝင်​တို့​ကို​စစ်​ကြော​စီ​ရင် သင့်​ကြ​သည်​မ​ဟုတ်​ပါ​လော။ ကျမ်း​စာ တော်​က​ဖော်​ပြ​သည်​အ​တိုင်း ``သင်​တို့ အ​ထဲ​မှ​ဆိုး​ညစ်​သော​သူ​ကို​ပယ်​ရှား ကြ​လော့။''

၁ ကော 5