၁ ကော 5:1-5 Common Language Bible (BCL)

1. မ​ယုံ​ကြည်​သူ​များ​ပင်​လျှင်​ပြု​ကျင့်​ကြ​မည် မ​ဟုတ်​သည့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု သင်​တို့​တွင် ရှိ​နေ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။ လူ​တစ် ယောက်​သည်​မိ​မိ​၏​မိ​ထွေး​နှင့်​ပေါင်း​သင်း​နေ ထိုင်​လျက်​ရှိ​သည်​ဟု​ငါ​ကြား​သိ​ရ​၏။-

2. သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​ကြွား​ဝါ နိုင်​သ​နည်း။ သင်​တို့​သည်​ဝမ်း​နည်း​ပူ​ဆွေး​သင့် ကြ​၏။ ထို​အ​မှု​ကို​ကူး​လွန်​သူ​အား​သင် တို့​အ​ထဲ​မှ​နှင်​ထုတ်​သင့်​သည်။-

3-4. ငါ​သည်​သင်​တို့​ထံ​သို့​ကိုယ်​တိုင်​မ​ရောက်​သော် လည်း​စိတ်​ရောက်​လျက်​ရှိ​၏။ ငါ​ကိုယ်​တိုင်​ပင် သင်​တို့​ထံ​သို့​ရောက်​နေ​ဘိ​သ​ကဲ့​သို့ ထို​ဆိုး ယုတ်​သော​အ​မှု​ကို​ပြု​သူ​အား​ငါ​တို့​အ​ရှင် ယေ​ရှု​၏​နာ​မ​၌ ယ​ခု​ပင်​ငါ​တ​ရား​စီ​ရင် ပြီ။ သင်​တို့​စု​ဝေး​ကြ​စဉ်​ငါ​ကိုယ်​တိုင်​ပင် သင်​တို့​ထံ​တွင်​စိတ်​ရောက်​ရှိ​နေ​မည်။ ငါ​တို့ ၏​အ​ရှင်​ယေ​ရှု​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​တို့​နှင့်​အ​တူ​ရှိ​မည်။-

5. တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​သူ​၏ ဝိ​ညာဉ်​သည်​ကယ်​တင်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း သူ​၏​ခန္ဓာ​ကို​ဖျက်​ဆီး​ပစ်​ရန်​စာ​တန်​၏ လက်​သို့​ပေး​အပ်​ကြ​လော့။

12-13. အ​သင်း​တော်​ဝင်​မ​ဟုတ်​သူ​တို့​ကို​စစ်​ကြော စီ​ရင်​ရန်​မှာ ငါ​၏​အ​လုပ်​မ​ဟုတ်။ ထို​သူ​တို့ ကို​ဘု​ရား​သ​ခင်​စစ်​ကြော​စီ​ရင်​တော်​မူ လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ ၏​အ​သင်း​တော်​ဝင်​တို့​ကို​စစ်​ကြော​စီ​ရင် သင့်​ကြ​သည်​မ​ဟုတ်​ပါ​လော။ ကျမ်း​စာ တော်​က​ဖော်​ပြ​သည်​အ​တိုင်း ``သင်​တို့ အ​ထဲ​မှ​ဆိုး​ညစ်​သော​သူ​ကို​ပယ်​ရှား ကြ​လော့။''

၁ ကော 5