1. မယုံကြည်သူများပင်လျှင်ပြုကျင့်ကြမည် မဟုတ်သည့်ကာမဂုဏ်လိုက်စားမှု သင်တို့တွင် ရှိနေကြောင်းကိုငါကြားသိရ၏။ လူတစ် ယောက်သည်မိမိ၏မိထွေးနှင့်ပေါင်းသင်းနေ ထိုင်လျက်ရှိသည်ဟုငါကြားသိရ၏။-
2. သို့ဖြစ်၍သင်တို့သည်အဘယ်သို့ကြွားဝါ နိုင်သနည်း။ သင်တို့သည်ဝမ်းနည်းပူဆွေးသင့် ကြ၏။ ထိုအမှုကိုကူးလွန်သူအားသင် တို့အထဲမှနှင်ထုတ်သင့်သည်။-
5. တရားစီရင်တော်မူရာနေ့၌ထိုသူ၏ ဝိညာဉ်သည်ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏ခန္ဓာကိုဖျက်ဆီးပစ်ရန်စာတန်၏ လက်သို့ပေးအပ်ကြလော့။
6. သင်တို့သည် မာန်မာနထောင်လွှားနေကြရန် မသင့်။ ``တဆေးအနည်းငယ်က မုန့်ညက် အားလုံးကိုဖောင်းကြွစေ၏'' ဟူသော ဆိုရိုးစကားကိုသင်တို့သိကြ၏။-
7. တဆေးဟောင်းတည်းဟူသောအပြစ်ဒုစရိုက် ကိုပယ်ရှားကြလော့။ သို့မှသာလျှင်သင်တို့ သည်လုံးဝသန့်စင်လာကြလိမ့်မည်။ ထိုအခါ သင်တို့သည်တဆေးမပါသောမုန့်ညက်သစ် ကဲ့သို့ဖြစ်လိမ့်မည်။ ဤသို့သင်တို့အကယ်ပင် ဖြစ်ကြကြောင်းကိုဧကန်အမှန်ငါသိ၏။ ငါ တို့၏ပသခါသိုးတည်းဟူသောခရစ်တော် အားယဇ်ပူဇော်ပြီးပြီဖြစ်သဖြင့် ငါတို့၏ ပသခါပွဲကျင်းပရန်အသင့်ရှိပေပြီ။-
8. သို့ဖြစ်၍အပြစ်ဒုစရိုက်နှင့်ယုတ်မာသော အကျင့်တည်းဟူသောတဆေးဟောင်းပါသည့် မုန့်နှင့်မဟုတ်ဘဲ ဖြူစင်ခြင်းနှင့်သမ္မာတရား တည်းဟူသောတဆေးမဲ့မုန့်နှင့်ပသခါပွဲ တော်ကိုကျင်းပကြကုန်အံ့။
9. ယခင်ကသင်တို့ထံသို့ရေးလိုက်သောစာ တွင်ကာမဂုဏ်လိုက်စားသူတို့နှင့်မပေါင်း ဖော်ရန်ငါမှာကြားခဲ့၏။-
10. သို့မှာကြားရာတွင်ဤလောကရှိကာမဂုဏ် လိုက်စားသူများ၊ လောဘလွန်ကူးသူများ၊ သူခိုးများ၊ ရုပ်တုကိုးကွယ်သူများကိုမပေါင်း ဖော်ရဟုမဆိုလို။ ထိုသူတို့ကိုရှောင်ရှားရ မည်ဆိုပါကသင်တို့သည်ဤလောကမှ လုံးဝထွက်ခွာသွားရပေလိမ့်မည်။-
11. မိမိကိုယ်ကိုညီအစ်ကိုဟုဆိုလျက် ကာမ ဂုဏ်လိုက်စားသူများ၊ လောဘလွန်ကူးသူ များ၊ ရုပ်တုဆင်းတုကိုကိုးကွယ်သူများ၊ သူ တစ်ပါးအသရေကိုဖျက်သူများ၊ သေသောက် ကြူးသူများ၊ သူခိုးများဖြစ်သူတို့ကိုဆို လို၏။ ထိုလူစားမျိုးနှင့်အတူစားသောက် ခြင်းကိုပင်မပြုကြနှင့်။