14. ဤသို့ရေးရခြင်းအကြောင်းမှာသင်တို့အား အရှက်ခွဲလို၍မဟုတ်။ ငါချစ်သောသားသမီး များအနေဖြင့်သင်တို့အားသွန်သင်လို၍ ဖြစ်၏။-
15. သင်တို့သည်ခရစ်တော်ကိုလက်ခံပြီးနောက် သင်တို့အားသွန်သင်မည့်ဆရာထောင်ပေါင်း များစွာရှိသော်လည်း ဖခင်ကားတစ်ဦးတည်း သာရှိပေသည်။ ငါသည်သတင်းကောင်းကို ကြေညာခြင်းအားဖြင့် သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေသည့်မွေး သဖခင်ဖြစ်လာ၏။-
16. ထို့ကြောင့်ငါ၏စံနမူနာကိုလိုက်ကြရန်ငါ မေတ္တာရပ်ခံပါ၏။-
17. ထိုအကြောင်းကြောင့်ငါသည်တိမောသေကို သင်တို့ထံသို့စေလွှတ်လိုက်ပါမည်။ သူသည် ခရစ်ယာန်သက်တမ်း၌ ငါချစ်မြတ်နိုး၍သစ္စာ ရှိသောသားဖြစ်ပါ၏။ သူသည်ငါလိုက်လျှောက် ကျင့်သုံးသောအရပ်ရပ်ရှိအသင်းတော် အပေါင်းတို့အား ငါဟောပြောသွန်သင်ခဲ့သော၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သော ဘဝသစ်လမ်းစဉ်ကို သင်တို့အားပြန်လည် သတိရစေပါလိမ့်မည်။