12. လက်ဖြင့်ပင်ပန်းကြီးစွာလုပ်ဆောင်ကြရ၏။ ငါတို့သည်ကျိန်ဆဲခြင်းကိုခံရသောအခါ ကောင်းချီးပေးကြ၏။ ညှင်းဆဲခြင်းခံရသော အခါသည်းခံကြ၏။-
13. စော်ကားခြင်းကိုခံရသောအခါမေတ္တာပို့ ကြ၏။ ငါတို့ကားယခုတိုင်အောင်လောက ၏အညစ်အကြေး၊ လူတကာစွန့်ပစ်သည့် အမှိုက်ကဲ့သို့ဖြစ်ကြ၏။
14. ဤသို့ရေးရခြင်းအကြောင်းမှာသင်တို့အား အရှက်ခွဲလို၍မဟုတ်။ ငါချစ်သောသားသမီး များအနေဖြင့်သင်တို့အားသွန်သင်လို၍ ဖြစ်၏။-
15. သင်တို့သည်ခရစ်တော်ကိုလက်ခံပြီးနောက် သင်တို့အားသွန်သင်မည့်ဆရာထောင်ပေါင်း များစွာရှိသော်လည်း ဖခင်ကားတစ်ဦးတည်း သာရှိပေသည်။ ငါသည်သတင်းကောင်းကို ကြေညာခြင်းအားဖြင့် သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေသည့်မွေး သဖခင်ဖြစ်လာ၏။-
16. ထို့ကြောင့်ငါ၏စံနမူနာကိုလိုက်ကြရန်ငါ မေတ္တာရပ်ခံပါ၏။-