9. ငါတို့သည်ဘုရားသခင်၏ထံတော်၌အလုပ် လုပ်သောလုပ်ဖော်ကိုင်ဘက်ဖြစ်ကြ၏။ သင်တို့ သည်ကားဘုရားသခင်၏ဥယျာဉ်တော်ဖြစ်၏။သင်တို့သည်ဘုရားသခင်၏ကျောင်းတော်တိုက် လည်းဖြစ်၏။-
10. ငါသည်ဘုရားသခင်ပေးသနားတော်မူသော ဆုကျေးဇူးကိုအသုံးပြုလျက် ကျွမ်းကျင်သော ဗိသုကာကဲ့သို့တိုက်မြစ်ကိုချခဲ့၏။ အခြား သူတစ်ဦးကထိုတိုက်မြစ်ပေါ်တွင်တည်ဆောက် ၏။ သို့ရာတွင်ထပ်ဆင့်၍တည်ဆောက်သူတိုင်း သည်မိမိအဘယ်သို့တည်ဆောက်သည်ကို သတိပြုစေ။-
11. ယေရှုခရစ်တည်းဟူသောချထားပြီးတိုက် မြစ်မှတစ်ပါး အခြားတိုက်မြစ်ကိုအဘယ် သူမျှမချနိုင်။-
12. လူအချို့တို့သည်ထိုတိုက်မြစ်ပေါ်တွင်ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားဖြင့်ထပ်ဆင့်တည်ဆောက် ကြလိမ့်မည်။ လူအချို့တို့ကမူသစ်သား၊ မြက် ခြောက်သို့မဟုတ်ကောက်ရိုးဖြင့်ထပ်ဆင့် တည်ဆောက်ကြလိမ့်မည်။-
13. ထိုသူတစ်ယောက်စီ၏တည်ဆောက်မှုအရည် အသွေးသည် ခရစ်တော်ကြွလာတော်မူရာနေ့ ၌သိသာထင်ရှားလိမ့်မည်။ ထိုနေ့၌မီးလျှံ သည်လူတိုင်း၏အလုပ်ကိုထင်ပေါ်စေလိမ့်မည်။ ထိုမီးသည်လူအသီးသီးတို့၏အလုပ် အရည်အသွေးကိုစစ်ဆေးပေးလိမ့်မည်။-
14. တိုက်မြစ်ပေါ်တွင်တည်ဆောက်သည့်အရာသည် ထိုမီး၏ဒဏ်ကိုခံနိုင်လျှင်တည်ဆောက်သူသည် အကျိုးကိုခံရလိမ့်မည်။-
15. သို့ရာတွင်မိမိအလုပ်မီးလောင်သွားလျှင် တည် ဆောက်သူသည်အရှုံးရလိမ့်မည်။ သို့သော်ထို သူကိုယ်တိုင်မူကား မီးလျှံဘေးမှလွတ်မြောက် သူသဖွယ်ကယ်တင်ခြင်းကိုခံရလိမ့်မည်။
16. သင်တို့သည်ဘုရားသခင်၏ဗိမာန်တော်ဖြစ် သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ် တော်သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူ သည်ကိုလည်းကောင်းသိကြသည်မဟုတ်ပါ လော။-
17. သို့ဖြစ်၍ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးသောသူကို ဘုရားသခင်ဖျက်ဆီး တော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်၏ဗိမာန်တော်သည်သန့်ရှင်းမြင့်မြတ် တော်မူ၍ သင်တို့ကိုယ်တိုင်ပင်လျှင်ကိုယ်တော် ၏ဗိမာန်တော်ဖြစ်သောကြောင့်တည်း။
18. အဘယ်သူမျှမိမိကိုယ်ကိုမလှည့်စားစေနှင့်။ လောကီစံနှုန်းအရမိမိကိုယ်ကိုပညာရှိ သည်ဟုထင်မှတ်သောသူသည် အမှန်ပင်ပညာ ရှိဖြစ်လာစေရန်လူမိုက်ဖြစ်ပါစေ။-