၁ ကော 3:7-10 Common Language Bible (BCL)

7. မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​သည် အ​ဋ္ဌိ​က​မ​ဟုတ်။ အ​ပင်​ပေါက်​စေ​တော်​မူ သော​သူ​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သာ လျှင်​အ​ဋ္ဌိ​က​ဖြစ်​တော်​မူ​၏။-

8. မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​တို့​သည် တန်း​တူ​ရည်​တူ​ဖြစ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ ၏​အား​ထုတ်​မှု​နှင့်​အ​ညီ​အ​ကျိုး​ကို​ရ​ရှိ​ကြ ပေ​မည်။-

9. ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ထံ​တော်​၌​အ​လုပ် လုပ်​သော​လုပ်​ဖော်​ကိုင်​ဘက်​ဖြစ်​ကြ​၏။ သင်​တို့ သည်​ကား​ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော်​ဖြစ်​၏။သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျောင်း​တော်​တိုက် လည်း​ဖြစ်​၏။-

10. ငါ​သည်​ဘု​ရား​သ​ခင်​ပေး​သနား​တော်​မူ​သော ဆု​ကျေး​ဇူး​ကို​အ​သုံး​ပြု​လျက် ကျွမ်း​ကျင်​သော ဗိ​သု​ကာ​ကဲ့​သို့​တိုက်​မြစ်​ကို​ချ​ခဲ့​၏။ အ​ခြား သူ​တစ်​ဦး​က​ထို​တိုက်​မြစ်​ပေါ်​တွင်​တည်​ဆောက် ၏။ သို့​ရာ​တွင်​ထပ်​ဆင့်​၍​တည်​ဆောက်​သူ​တိုင်း သည်​မိ​မိ​အ​ဘယ်​သို့​တည်​ဆောက်​သည်​ကို သ​တိ​ပြု​စေ။-

၁ ကော 3