၁ ကော 3:11-16 Common Language Bible (BCL)

11. ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော​ချ​ထား​ပြီး​တိုက် မြစ်​မှ​တစ်​ပါး အ​ခြား​တိုက်​မြစ်​ကို​အ​ဘယ် သူ​မျှ​မ​ချ​နိုင်။-

12. လူ​အ​ချို့​တို့​သည်​ထို​တိုက်​မြစ်​ပေါ်​တွင်​ရွှေ၊ ငွေ၊ ကျောက်​သံ​ပတ္တ​မြား​ဖြင့်​ထပ်​ဆင့်​တည်​ဆောက် ကြ​လိမ့်​မည်။ လူ​အ​ချို့​တို့​က​မူ​သစ်​သား၊ မြက် ခြောက်​သို့​မ​ဟုတ်​ကောက်​ရိုး​ဖြင့်​ထပ်​ဆင့် တည်​ဆောက်​ကြ​လိမ့်​မည်။-

13. ထို​သူ​တစ်​ယောက်​စီ​၏​တည်​ဆောက်​မှု​အ​ရည် အ​သွေး​သည် ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​သိ​သာ​ထင်​ရှား​လိမ့်​မည်။ ထို​နေ့​၌​မီး​လျှံ သည်​လူ​တိုင်း​၏​အ​လုပ်​ကို​ထင်​ပေါ်​စေ​လိမ့်​မည်။ ထို​မီး​သည်​လူ​အ​သီး​သီး​တို့​၏​အ​လုပ် အ​ရည်​အ​သွေး​ကို​စစ်​ဆေး​ပေး​လိမ့်​မည်။-

14. တိုက်​မြစ်​ပေါ်​တွင်​တည်​ဆောက်​သည့်​အ​ရာ​သည် ထို​မီး​၏​ဒဏ်​ကို​ခံ​နိုင်​လျှင်​တည်​ဆောက်​သူ​သည် အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်။-

15. သို့​ရာ​တွင်​မိ​မိ​အ​လုပ်​မီး​လောင်​သွား​လျှင် တည် ဆောက်​သူ​သည်​အ​ရှုံး​ရ​လိမ့်​မည်။ သို့​သော်​ထို သူ​ကိုယ်​တိုင်​မူ​ကား မီး​လျှံ​ဘေး​မှ​လွတ်​မြောက် သူ​သ​ဖွယ်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

16. သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ် သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ သည်​ကို​လည်း​ကောင်း​သိ​ကြ​သည်​မ​ဟုတ်​ပါ လော။-

၁ ကော 3