1. ညီအစ်ကိုတို့၊ အမှန်အားဖြင့်ဆိုသော်ငါသည် သင်တို့အား ဝိညာဉ်တော်ကိုခံယူရရှိသူများ အနေဖြင့်ပြောဆို၍မဖြစ်။ လောကီသားများ သဖွယ်အနေဖြင့်လည်းကောင်း၊ ခရစ်ယာန်သက် တွင်ကလေးသူငယ်များအနေဖြင့်လည်းကောင်း ပြောဆိုရ၏။-
2. ကြေခဲသောအစားအစာကိုသင်တို့မစား နိုင်ကြသေးသဖြင့် ငါသည်သင်တို့အားနို့ ကိုသာတိုက်ကျွေးရ၏။ ယခုတိုင်အောင်သင် တို့သည်အစာမကြေနိုင်ကြ။-
3. သင်တို့သည်လောကီသားများအဆင့်အတန်း ၌သာနေကြသေး၏။ အချင်းချင်းမနာလို လျက်၊ ရန်ဖြစ်လျက်နေကြသည်မှာလောကီ သားအဆင့်အတန်း၌ပင်သင်တို့ရှိနေကြ သေး၍မဟုတ်ပါလော။ လောကီထုံးစံအတိုင်း ကျင့်ကြံနေကြခြင်းပင်မဟုတ်ပါလော။-
4. ငါသည်ပေါလုတပည့်ဖြစ်သည်၊ ငါသည် အာပေါလုတပည့်ဖြစ်သည်ဟုသင်တို့ဆို သည့်အခါ သင်တို့သည်လောကီဆန်သူ များကဲ့သို့ပြုမူခြင်းပင်မဟုတ်ပါလော။
5. အာပေါလုကားအဘယ်သူနည်း။ ပေါလုကား အဘယ်သူနည်း။ သူတို့သည်ဘုရားသခင်၏ အစေခံများသာလျှင်ဖြစ်၍ သင်တို့ယုံကြည် လာစေရန်ပြုစုပေးကြသူများဖြစ်၏။ ငါ တို့တစ်ဦးစီသည်သခင်ဘုရားခွဲဝေသတ် မှတ်ပေးတော်မူသောတာဝန်အသီးသီး ကိုထမ်းဆောင်ကြရသည်။-
6. ငါသည်မျိုးစေ့ကိုစိုက်၏။ အာပေါလုကား ရေလောင်း၏။ အပင်ပေါက်စေတော်မူသော အရှင်ကားဘုရားသခင်ပေတည်း။-
7. မျိုးစေ့ကိုစိုက်သူနှင့်ရေလောင်းသူသည် အဋ္ဌိကမဟုတ်။ အပင်ပေါက်စေတော်မူ သောသူတည်းဟူသောဘုရားသခင်သာ လျှင်အဋ္ဌိကဖြစ်တော်မူ၏။-
8. မျိုးစေ့ကိုစိုက်သူနှင့်ရေလောင်းသူတို့သည် တန်းတူရည်တူဖြစ်ကြ၏။ သူတို့သည်မိမိတို့ ၏အားထုတ်မှုနှင့်အညီအကျိုးကိုရရှိကြ ပေမည်။-
9. ငါတို့သည်ဘုရားသခင်၏ထံတော်၌အလုပ် လုပ်သောလုပ်ဖော်ကိုင်ဘက်ဖြစ်ကြ၏။ သင်တို့ သည်ကားဘုရားသခင်၏ဥယျာဉ်တော်ဖြစ်၏။သင်တို့သည်ဘုရားသခင်၏ကျောင်းတော်တိုက် လည်းဖြစ်၏။-