၁ ကော 15:5-22 Common Language Bible (BCL)

5. ကိုယ်​တော်​အား​ပေ​တရု​ဖူး​မြင်​ရ​ကြောင်း၊ ထို နောက်​တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​ဖူး​မြင် ရ​ကြ​ကြောင်း​တို့​ဖြစ်​သည်။-

6. ထို​နောက်​ကိုယ်​တော်​အား​ခ​ရစ်​ယာန်​ညီ​အစ်​ကို ငါး​ရာ​ကျော်​တို့​သည်​တစ်​ပြိုင်​နက်​ဖူး​မြင်​ရ ကြ​၏။ ထို​သူ​တို့​အ​ထဲ​မှ​လူ​အ​ချို့​တို့​သည် သေ​လွန်​သွား​ပြီ​ဖြစ်​သော်​လည်း​လူ​အ​များ​စု မှာ​ယ​ခု​တိုင်​အောင်​အ​သက်​ရှင်​လျက်​ရှိ​ကြ​၏။-

7. ထို​နောက်​ကိုယ်​တော်​အား​ယာ​ကုပ်​ဖူး​မြင်​ရ​၏။ ထို နောက်​တ​မန်​တော်​အ​ပေါင်း​တို့​ဖူး​မြင်​ကြ​ရ​၏။

8. နောက်​ဆုံး​၌​လျှော​မွေး​သ​ဖွယ်​ဖြစ်​သူ​ငါ​သည် လည်း ကိုယ်​တော်​အား​ဖူး​မြင်​ရ​၏။-

9. ငါ​သည်​တ​မန်​တော်​တို့​တွင်​အ​ညံ့​ဆုံး​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​အသင်း​တော်​ကို​နှိပ်​စက်​ညှဉ်း​ဆဲ ခဲ့​သူ​ဖြစ်​သ​ဖြင့် တ​မန်​တော်​ဟူ​၍​ပင်​အ​ခေါ် မ​ခံ​ထိုက်။-

10. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ငါ​သည်​ယ​ခု​အ​ခြေ​အ​နေ​သို့​ရောက်​ရှိ​၏။ ငါ့ အား​ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​ကျေး​ဇူး တော်​သည်​လည်း​အ​ကျိုး​မဲ့​မ​ဖြစ်။ ငါ​သည်​အ​ခြား တ​မန်​တော်​တို့​ထက်​ပို​၍​ကြိုး​စား​လုပ်​ဆောင်​၏။ ဤ​သို့​လုပ်​ဆောင်​နိုင်​ခြင်း​မှာ​ငါ​၏​စွမ်း​ရည်​ကြောင့် မ​ဟုတ်။ ငါ​နှင့်​အ​တူ​လုပ်​ဆောင်​သော​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​၏။-

11. သို့​ဖြစ်​၍​ငါ​ဖြစ်​စေ၊ ထို​သူ​တို့​ဖြစ်​စေ​ဤ အ​တိုင်း​ဟော​ပြော​ကြေ​ညာ​ကြ​သည်။ သင်​တို့ သည်​လည်း​ဤ​အ​တိုင်း​ပင်​ယုံ​ကြည်​ကြ​၏။

12. ခ​ရစ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ကြောင်း​ကို ငါ​တို့​ဟော​ပြော​ကြေ​ညာ လျက်​ရှိ​သည်​ဖြစ်​ရာ အ​ဘယ်​ကြောင့်​သင်​တို့ အ​နက်​အ​ချို့​သော​သူ​တို့​က ``သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​ဟူ​သည်​မ​ရှိ'' ဟု ပြော​ဆို​နေ​ကြ​သ​နည်း။-

13. ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ပါ​က​ခ​ရစ်​တော် သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မ​မူ နိုင်​ရာ။-

14. ခ​ရစ်​တော်​ထ​မြောက်​တော်​မ​မူ​လျှင်​ငါ​တို့ ၏​ဟော​ပြော​ခြင်း​သည်​အ​ကျိုး​မ​ရှိ။ သင်​တို့​၏ ယုံ​ကြည်​ခြင်း​သည်​လည်း​အ​ကျိုး​မ​ရှိ။-

15. အ​ကယ်​၍​သူ​သေ​တို့​ရှင်​ပြန်​ထ​မြောက်​မှု​မ​ရှိ ဟု​ဆို​သည်​မှာ မှန်​ခဲ့​သော်​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မ​မူ။ သို့​ဖြစ်​၍​ငါ​တို့​က ``ဘု​ရား သခင်​သည်​ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီ'' ဟု​ဟော​ပြော​ရာ ၌​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​ကြောင်း မု​သား​သက်​သေ​များ​ဖြစ်​ကြ​၏။-

16. အ​ကယ်​၍​သေ​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း မ​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​အား ရှင်​ပြန်​ထ​မြောက်​စေ​တော်​မ​မူ။-

17. ခ​ရစ်​တော်​သည်​ရှင်​ပြန်​ထ​မြောက်​တော်​မ​မူ လျှင်​သင်​တို့​၏​ယုံ​ကြည်​မှု​သည်​လွဲ​မှား​လျက် သင်​တို့​သည်​လည်း​အ​ပြစ်​ဒု​စ​ရိုက်​တွင်​နစ် မွန်း​လျက်​ရှိ​နေ​ကြ​သေး​မည်။-

18. ခ​ရစ်​တော်​ကို​ယုံ​ကြည်​လျက်​သေ​လွန်​သွား​သူ တို့​သည်​လည်း​ထာ​ဝ​ရ​ဆုံး​ရှုံး​ကြ​ပေ​မည်။-

19. ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍​ငါ​တို့​သည်​ယ​ခု ဘ​ဝ​အ​တွက်​သာ​မျှော်​လင့်​စ​ရာ​ရှိ​ပါ​မူ ကမ္ဘာ​ပေါ်​တွင်​ငါ​တို့​လောက်​သ​နား​စ​ရာ ကောင်း​သူ​များ​မ​ရှိ​တော့​ပြီ။

20. သို့​ရာ​တွင်​အ​မှန်​ဖြစ်​ရပ်​မှာ​ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ယင်း သို့​ထ​မြောက်​တော်​မူ​ခြင်း​ကြောင့်​သေ​လွန်​သူ တို့​သည် ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ဖြစ် ကြောင်း​အာ​မ​ခံ​ချက်​ရ​ရှိ​ကြ​သည်။-

21. လူ​တစ်​ယောက်​ကြောင့်​ကမ္ဘာ​ပေါ်​တွင်​သေ​ခြင်း တ​ရား​ဖြစ်​ပေါ်​လာ​သ​ကဲ့​သို့ လူ​တစ်​ယောက် ကြောင့်​ပင်​လျှင် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ခြင်း​တ​ရား​သည်​လည်း​ဖြစ်​ပေါ်​လာ​၏။-

22. လူ​အ​ပေါင်း​တို့​သည်​အာ​ဒံ​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​ကြောင့်​သေ​ရ​ကြ​၏။ ထို​နည်း​တူ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း ကြောင့်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ရ​ကြ လိမ့်​မည်။-

၁ ကော 15