48. မြေကြီးသားတို့သည်မြေမှုန့်မှဖန်ဆင်းထားသော သူနှင့်တူကြ၏။ ကောင်းကင်ဘုံနှင့်ဆိုင်သောလူတို့ သည်ကောင်းကင်ဘုံမှလာသောသူနှင့်တူကြ၏။-
49. ငါတို့သည်မြေမှုန့်မှဖန်ဆင်းထားသူ၏ပုံသဏ္ဌာန် ကိုဆောင်သကဲ့သို့ကောင်းကင်ဘုံမှကြွလာတော် မူသောသူ၏ပုံသဏ္ဌာန်ကိုဆောင်ကြလိမ့်မည်။
50. ညီအစ်ကိုတို့၊ သင်တို့အားငါပြောလိုသည်မှာ လူ့အသွေးအသားသည်ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူနိုင်။ ပုပ်ပျက်တတ်သောအရာ သည်လည်းမပုပ်မပျက်တတ်သောအဖြစ်ကို မခံမယူနိုင်။
51-52. လျှို့ဝှက်နက်နဲသောအရာတစ်ခုကိုနားထောင် ကြလော့။ ငါတို့အားလုံးသည်သေလွန်သွားကြ မည်မဟုတ်။ ငါတို့သည်တံပိုးခရာမှုတ်သော အခါခဏချင်းမျက်စိတစ်မှိတ်အတွင်း၌ ပြောင်းလဲကြမည်။ နောက်ဆုံးတံပိုးခရာမှုတ် သောအခါသေလွန်သူတို့သည် ရှင်ပြန်ထမြောက် ကြ၍သေခြင်းနှင့်ထာဝစဉ်ကင်းလွတ်ကြ လိမ့်မည်။ ငါတို့အားလုံးသည်လည်းပြောင်းလဲ ကြမည်။-
53. အဘယ်ကြောင့်ဆိုသော်ပုပ်ပျက်တတ်သော အရာသည်မပုပ်မပျက်နိုင်သောအဖြစ်သို့ ပြောင်းလဲရမည်။ သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ပြောင်းလဲရမည်။-
54. ပုပ်ပျက်တတ်သောအရာသည်မပုပ်မပျက် နိုင်သောအဖြစ်သို့လည်းကောင်း၊ သေတတ်သော အရာသည်မသေနိုင်သောအဖြစ်သို့လည်း ကောင်းပြောင်းလဲသောအခါ ``သေခြင်းကို ဖျက်ဆီးပစ်ပြီ။ သေခြင်းကိုအောင်မြင်လေ ပြီ'' ဟူသောကျမ်းစကားသည်မှန်ကန်၍ လာပေအံ့။
55. ``အို မရဏနိုင်ငံ၊သင်၏အောင်မြင်ခြင်းကား အဘယ်မှာနည်း။အို သေမင်း၊သင်၏အစွယ်ကားအဘယ်မှာနည်း။
56. သေမင်း၏အစွယ်ကားအပြစ်ဒုစရိုက်ဖြစ်၏။ အပြစ်ဒုစရိုက်သည်ပညတ်တရားမှတန်ခိုး ကိုရရှိသတည်း။-
57. သို့ရာတွင်အရှင်ယေရှုခရစ်အားဖြင့် ငါတို့ အားသေခြင်းကိုအောင်မြင်ခွင့်ပေးတော်မူ သောဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှစွတကား။
58. သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။