၁ ကော 15:45-48 Common Language Bible (BCL)

45. ကျမ်း​စာ​တော်​တွင် ``ပ​ထ​မ​လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ​၏'' ဟု​ဖော် ပြ​၏။ နောက်​ဆုံး​ဖြစ်​သော​အာ​ဒံ​သည်​ကား အ​သက်​ရှင်​စေ​တတ်​သော​ဝိ​ညာဉ်​ဖြစ်​၏။-

46. ဝိ​ညာ​ဏ​ခန္ဓာ​သည်​ပ​ထ​မ​ဖြစ်​ပေါ်​သည် မ​ဟုတ်။ ရုပ်​ခန္ဓာ​ဖြစ်​ပေါ်​ပြီး​မှ​ဝိ​ညာ​ဏ​ခန္ဓာ ဖြစ်​ပေါ်​လာ​၏။-

47. ပ​ထ​မ​လူ​အာ​ဒံ​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သူ ဖြစ်​၏။ ဒု​တိ​ယ​လူ​မူ​ကား​ကောင်း​ကင်​ဘုံ​မှ​လာ သူ​တည်း။-

48. မြေ​ကြီး​သား​တို့​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သော သူ​နှင့်​တူ​ကြ​၏။ ကောင်း​ကင်​ဘုံ​နှင့်​ဆိုင်​သော​လူ​တို့ သည်​ကောင်း​ကင်​ဘုံ​မှ​လာ​သော​သူ​နှင့်​တူ​ကြ​၏။-

၁ ကော 15