44. မြှုပ်နှံခြင်းခံရသောအခါကာယခန္ဓာဖြစ် ၏။ ရှင်ပြန်ထမြောက်သောအခါ၌ဝိညာဏ ခန္ဓာဖြစ်လိမ့်မည်။ ရုပ်ခန္ဓာရှိသဖြင့်ဝိညာဏ ခန္ဓာလည်းရှိရပေသည်။-
45. ကျမ်းစာတော်တွင် ``ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏'' ဟုဖော် ပြ၏။ နောက်ဆုံးဖြစ်သောအာဒံသည်ကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။-
46. ဝိညာဏခန္ဓာသည်ပထမဖြစ်ပေါ်သည် မဟုတ်။ ရုပ်ခန္ဓာဖြစ်ပေါ်ပြီးမှဝိညာဏခန္ဓာ ဖြစ်ပေါ်လာ၏။-
47. ပထမလူအာဒံသည်မြေမှုန့်မှဖန်ဆင်းထားသူ ဖြစ်၏။ ဒုတိယလူမူကားကောင်းကင်ဘုံမှလာ သူတည်း။-
48. မြေကြီးသားတို့သည်မြေမှုန့်မှဖန်ဆင်းထားသော သူနှင့်တူကြ၏။ ကောင်းကင်ဘုံနှင့်ဆိုင်သောလူတို့ သည်ကောင်းကင်ဘုံမှလာသောသူနှင့်တူကြ၏။-
49. ငါတို့သည်မြေမှုန့်မှဖန်ဆင်းထားသူ၏ပုံသဏ္ဌာန် ကိုဆောင်သကဲ့သို့ကောင်းကင်ဘုံမှကြွလာတော် မူသောသူ၏ပုံသဏ္ဌာန်ကိုဆောင်ကြလိမ့်မည်။