4. ကိုယ်တော်သည်သင်္ဂြိုဟ်ခြင်းကိုခံပြီးနောက် ကျမ်းစာလာသည်အတိုင်းသုံးရက်မြောက် သောနေ့၌ သေခြင်းမှရှင်ပြန်ထမြောက် တော်မူကြောင်း၊-
5. ကိုယ်တော်အားပေတရုဖူးမြင်ရကြောင်း၊ ထို နောက်တမန်တော်တစ်ကျိပ်နှစ်ပါးတို့ဖူးမြင် ရကြကြောင်းတို့ဖြစ်သည်။-
6. ထိုနောက်ကိုယ်တော်အားခရစ်ယာန်ညီအစ်ကို ငါးရာကျော်တို့သည်တစ်ပြိုင်နက်ဖူးမြင်ရ ကြ၏။ ထိုသူတို့အထဲမှလူအချို့တို့သည် သေလွန်သွားပြီဖြစ်သော်လည်းလူအများစု မှာယခုတိုင်အောင်အသက်ရှင်လျက်ရှိကြ၏။-
7. ထိုနောက်ကိုယ်တော်အားယာကုပ်ဖူးမြင်ရ၏။ ထို နောက်တမန်တော်အပေါင်းတို့ဖူးမြင်ကြရ၏။
8. နောက်ဆုံး၌လျှောမွေးသဖွယ်ဖြစ်သူငါသည် လည်း ကိုယ်တော်အားဖူးမြင်ရ၏။-
9. ငါသည်တမန်တော်တို့တွင်အညံ့ဆုံးဖြစ်၏။ ဘုရားသခင်၏အသင်းတော်ကိုနှိပ်စက်ညှဉ်းဆဲ ခဲ့သူဖြစ်သဖြင့် တမန်တော်ဟူ၍ပင်အခေါ် မခံထိုက်။-
10. သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။-
11. သို့ဖြစ်၍ငါဖြစ်စေ၊ ထိုသူတို့ဖြစ်စေဤ အတိုင်းဟောပြောကြေညာကြသည်။ သင်တို့ သည်လည်းဤအတိုင်းပင်ယုံကြည်ကြ၏။
12. ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူကြောင်းကို ငါတို့ဟောပြောကြေညာ လျက်ရှိသည်ဖြစ်ရာ အဘယ်ကြောင့်သင်တို့ အနက်အချို့သောသူတို့က ``သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဟူသည်မရှိ'' ဟု ပြောဆိုနေကြသနည်း။-
13. ရှင်ပြန်ထမြောက်ခြင်းမရှိပါကခရစ်တော် သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မမူ နိုင်ရာ။-
14. ခရစ်တော်ထမြောက်တော်မမူလျှင်ငါတို့ ၏ဟောပြောခြင်းသည်အကျိုးမရှိ။ သင်တို့၏ ယုံကြည်ခြင်းသည်လည်းအကျိုးမရှိ။-
15. အကယ်၍သူသေတို့ရှင်ပြန်ထမြောက်မှုမရှိ ဟုဆိုသည်မှာ မှန်ခဲ့သော်ဘုရားသခင်သည် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မမူ။ သို့ဖြစ်၍ငါတို့က ``ဘုရား သခင်သည်ခရစ်တော်ကိုသေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ'' ဟုဟောပြောရာ ၌ငါတို့သည်ဘုရားသခင်၏အကြောင်း မုသားသက်သေများဖြစ်ကြ၏။-
16. အကယ်၍သေသူတို့ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ဘုရားသခင်သည်ခရစ်တော်အား ရှင်ပြန်ထမြောက်စေတော်မမူ။-
17. ခရစ်တော်သည်ရှင်ပြန်ထမြောက်တော်မမူ လျှင်သင်တို့၏ယုံကြည်မှုသည်လွဲမှားလျက် သင်တို့သည်လည်းအပြစ်ဒုစရိုက်တွင်နစ် မွန်းလျက်ရှိနေကြသေးမည်။-
18. ခရစ်တော်ကိုယုံကြည်လျက်သေလွန်သွားသူ တို့သည်လည်းထာဝရဆုံးရှုံးကြပေမည်။-