39. သက်ရှိသတ္တဝါတို့၏အသားသည်တစ်မျိုး တည်းမဟုတ်။ လူ၏အသားသည်တစ်မျိုး၊ တိရစ္ဆာန် ၏အသားသည်တစ်မျိုး၊ ငှက်၏အသားသည်တစ် မျိုး၊ ငါး၏အသားသည်တစ်မျိုးဖြစ်၏။
40. ကောင်းကင်နှင့်ဆိုင်သောအကောင်အထည်များ၊ ကမ္ဘာမြေကြီးနှင့်ဆိုင်သောအကောင်အထည် များဟူ၍ရှိ၏။ ကောင်းကင်အကောင်အထည် များ၏တင့်တယ်မှုသည်တစ်မျိုး၊ ကမ္ဘာမြေ ကြီးအကောင်အထည်များ၏တင့်တယ်မှု ကတစ်မျိုးဖြစ်၏။-
41. နေ၏တင့်တယ်မှုသည်တစ်မျိုး၊ လ၏တင့်တယ်မှု သည်တစ်မျိုး၊ ကြယ်တာရာများ၏တင့်တယ်မှုသည် တစ်မျိုးဖြစ်၏။ ကြယ်တစ်လုံးနှင့်တစ်လုံးပင်တင့် တယ်မှုမတူချေ။
42. ထိုနည်းတူသေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်း သည်ဤအတိုင်းဖြစ်၏။ ကိုယ်ခန္ဓာသည်မြေ၌မြှုပ်နှံ ခြင်းခံရသောအခါပုပ်ပျက်တတ်သောအဖြစ် တွင်ရှိ၏။ ရှင်ပြန်ထမြောက်သောအခါ၌မပုပ် မပျက်တတ်သောအဖြစ်တွင်ရှိလိမ့်မည်။-
43. မြှုပ်နှံခြင်းခံရသောအခါအသရေပျက်၍ စွမ်းအားမရှိ။ ရှင်ပြန်ထမြောက်သောအခါ၌ အသရေနှင့်ပြည့်စုံလိမ့်မည်။-
44. မြှုပ်နှံခြင်းခံရသောအခါကာယခန္ဓာဖြစ် ၏။ ရှင်ပြန်ထမြောက်သောအခါ၌ဝိညာဏ ခန္ဓာဖြစ်လိမ့်မည်။ ရုပ်ခန္ဓာရှိသဖြင့်ဝိညာဏ ခန္ဓာလည်းရှိရပေသည်။-
45. ကျမ်းစာတော်တွင် ``ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏'' ဟုဖော် ပြ၏။ နောက်ဆုံးဖြစ်သောအာဒံသည်ကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။-
46. ဝိညာဏခန္ဓာသည်ပထမဖြစ်ပေါ်သည် မဟုတ်။ ရုပ်ခန္ဓာဖြစ်ပေါ်ပြီးမှဝိညာဏခန္ဓာ ဖြစ်ပေါ်လာ၏။-