၁ ကော 15:37-54 Common Language Bible (BCL)

37. မြေ​တွင်​သင်​စိုက်​သော​အ​ရာ​သည်​ဂျုံ​စေ့ သို့​မ​ဟုတ်​အ​ခြား​မျိုး​စေ့​တစ်​မျိုး​မျိုး​ဖြစ် မည်။ နောင်​အ​ခါ​ပေါက်​လာ​သည့်​အ​ပင်​မ​ဟုတ်။-

38. ဘု​ရား​သ​ခင်​သည်​အ​လို​တော်​နှင့်​အ​ညီ​ထို မျိုး​စေ့​အား​ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။ ကိုယ် တော်​သည်​မျိုး​စေ့​အ​သီး​သီး​တို့​အား​သင့် တော်​သည့်​ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။

39. သက်​ရှိ​သတ္တ​ဝါ​တို့​၏​အ​သား​သည်​တစ်​မျိုး တည်း​မ​ဟုတ်။ လူ​၏​အ​သား​သည်​တစ်​မျိုး၊ တိရစ္ဆာန် ၏​အ​သား​သည်​တစ်​မျိုး၊ ငှက်​၏​အ​သား​သည်​တစ် မျိုး၊ ငါး​၏​အ​သား​သည်​တစ်​မျိုး​ဖြစ်​၏။

40. ကောင်း​ကင်​နှင့်​ဆိုင်​သော​အ​ကောင်​အ​ထည်​များ၊ ကမ္ဘာ​မြေ​ကြီး​နှင့်​ဆိုင်​သော​အ​ကောင်​အ​ထည် များ​ဟူ​၍​ရှိ​၏။ ကောင်း​ကင်​အ​ကောင်​အ​ထည် များ​၏​တင့်​တယ်​မှု​သည်​တစ်​မျိုး၊ ကမ္ဘာ​မြေ ကြီး​အ​ကောင်​အ​ထည်​များ​၏​တင့်​တယ်​မှု က​တစ်​မျိုး​ဖြစ်​၏။-

41. နေ​၏​တင့်​တယ်​မှု​သည်​တစ်​မျိုး၊ လ​၏​တင့်​တယ်​မှု သည်​တစ်​မျိုး၊ ကြယ်​တာ​ရာ​များ​၏​တင့်​တယ်​မှု​သည် တစ်​မျိုး​ဖြစ်​၏။ ကြယ်​တစ်​လုံး​နှင့်​တစ်​လုံး​ပင်​တင့် တယ်​မှု​မ​တူ​ချေ။

42. ထို​နည်း​တူ​သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း သည်​ဤ​အ​တိုင်း​ဖြစ်​၏။ ကိုယ်​ခန္ဓာ​သည်​မြေ​၌​မြှုပ်​နှံ ခြင်း​ခံ​ရ​သော​အ​ခါ​ပုပ်​ပျက်​တတ်​သော​အ​ဖြစ် တွင်​ရှိ​၏။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌​မ​ပုပ် မ​ပျက်​တတ်​သော​အ​ဖြစ်​တွင်​ရှိ​လိမ့်​မည်။-

43. မြှုပ်​နှံ​ခြင်း​ခံ​ရ​သော​အ​ခါ​အ​သ​ရေ​ပျက်​၍ စွမ်း​အား​မ​ရှိ။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌ အ​သ​ရေ​နှင့်​ပြည့်​စုံ​လိမ့်​မည်။-

44. မြှုပ်​နှံ​ခြင်း​ခံ​ရ​သော​အ​ခါ​ကာ​ယ​ခန္ဓာ​ဖြစ် ၏။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌​ဝိ​ညာ​ဏ ခန္ဓာ​ဖြစ်​လိမ့်​မည်။ ရုပ်​ခန္ဓာ​ရှိ​သ​ဖြင့်​ဝိ​ညာ​ဏ ခန္ဓာ​လည်း​ရှိ​ရ​ပေ​သည်။-

45. ကျမ်း​စာ​တော်​တွင် ``ပ​ထ​မ​လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ​၏'' ဟု​ဖော် ပြ​၏။ နောက်​ဆုံး​ဖြစ်​သော​အာ​ဒံ​သည်​ကား အ​သက်​ရှင်​စေ​တတ်​သော​ဝိ​ညာဉ်​ဖြစ်​၏။-

46. ဝိ​ညာ​ဏ​ခန္ဓာ​သည်​ပ​ထ​မ​ဖြစ်​ပေါ်​သည် မ​ဟုတ်။ ရုပ်​ခန္ဓာ​ဖြစ်​ပေါ်​ပြီး​မှ​ဝိ​ညာ​ဏ​ခန္ဓာ ဖြစ်​ပေါ်​လာ​၏။-

47. ပ​ထ​မ​လူ​အာ​ဒံ​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သူ ဖြစ်​၏။ ဒု​တိ​ယ​လူ​မူ​ကား​ကောင်း​ကင်​ဘုံ​မှ​လာ သူ​တည်း။-

48. မြေ​ကြီး​သား​တို့​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သော သူ​နှင့်​တူ​ကြ​၏။ ကောင်း​ကင်​ဘုံ​နှင့်​ဆိုင်​သော​လူ​တို့ သည်​ကောင်း​ကင်​ဘုံ​မှ​လာ​သော​သူ​နှင့်​တူ​ကြ​၏။-

49. ငါ​တို့​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သူ​၏​ပုံ​သဏ္ဌာန် ကို​ဆောင်​သ​ကဲ့​သို့​ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော် မူ​သော​သူ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​ကြ​လိမ့်​မည်။

50. ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ပြော​လို​သည်​မှာ လူ့​အ​သွေး​အ​သား​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​မ​ခံ​မ​ယူ​နိုင်။ ပုပ်​ပျက်​တတ်​သော​အ​ရာ သည်​လည်း​မ​ပုပ်​မ​ပျက်​တတ်​သော​အ​ဖြစ်​ကို မ​ခံ​မ​ယူ​နိုင်။

51-52. လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တစ်​ခု​ကို​နား​ထောင် ကြ​လော့။ ငါ​တို့​အား​လုံး​သည်​သေ​လွန်​သွား​ကြ မည်​မ​ဟုတ်။ ငါ​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​ခ​ဏ​ချင်း​မျက်​စိ​တစ်​မှိတ်​အ​တွင်း​၌ ပြောင်း​လဲ​ကြ​မည်။ နောက်​ဆုံး​တံ​ပိုး​ခ​ရာ​မှုတ် သော​အ​ခါ​သေ​လွန်​သူ​တို့​သည် ရှင်​ပြန်​ထ​မြောက် ကြ​၍​သေ​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ်​ကြ လိမ့်​မည်။ ငါ​တို့​အား​လုံး​သည်​လည်း​ပြောင်း​လဲ ကြ​မည်။-

53. အ​ဘယ်​ကြောင့်​ဆို​သော်​ပုပ်​ပျက်​တတ်​သော အ​ရာ​သည်​မ​ပုပ်​မ​ပျက်​နိုင်​သော​အ​ဖြစ်​သို့ ပြောင်း​လဲ​ရ​မည်။ သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင်​သော​အ​ဖြစ်​သို့​ပြောင်း​လဲ​ရ​မည်။-

54. ပုပ်​ပျက်​တတ်​သော​အ​ရာ​သည်​မ​ပုပ်​မ​ပျက် နိုင်​သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ သေ​တတ်​သော အ​ရာ​သည်​မ​သေ​နိုင်​သော​အ​ဖြစ်​သို့​လည်း ကောင်း​ပြောင်း​လဲ​သော​အ​ခါ ``သေ​ခြင်း​ကို ဖျက်​ဆီး​ပစ်​ပြီ။ သေ​ခြင်း​ကို​အောင်​မြင်​လေ ပြီ'' ဟူ​သော​ကျမ်း​စ​ကား​သည်​မှန်​ကန်​၍ လာ​ပေ​အံ့။

၁ ကော 15