28. သို့ရာတွင်ခပ်သိမ်းသောအရာတို့ကိုသား တော်အားအုပ်စိုးစေတော်မူသောအခါ၌ မိမိခြေဖဝါးတော်အောက်သို့ခပ်သိမ်းသော အရာကိုရောက်ရှိစေတော်မူသောဘုရား သခင်၏အုပ်စိုးခြင်းကို သားတော်ကိုယ်တိုင် ပင်လျှင်ခံယူတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည်ခပ်သိမ်းသောအရာ တို့ကိုလုံးဝဥဿုံအုပ်စိုးတော်မူပေအံ့။
29. သေလွန်သူတို့ကိုယ်စားဗတ္တိဇံမင်္ဂလာခံသူ တို့သည် အဘယ်အကျိုးအတွက်ယင်းသို့ပြု ကြသနည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက် မှုမရှိဟုအချို့ကပြောဆိုသည်အတိုင်းမှန် လျှင် ထိုသူတို့သည်သေသူတို့၏ကိုယ်စား အဘယ်ကြောင့်ဗတ္တိဇံမင်္ဂလာခံကြသနည်း။-
30. အဘယ်ကြောင့်ငါတို့ကိုယ်တိုင်ပင်ဘေးအန္တရာယ် နှင့်နာရီမလပ်ရင်ဆိုင်လျက်နေရကြသနည်း။-
31. ညီအစ်ကိုတို့၊ ငါသည်သေဘေးနှင့်နေ့တိုင်းရင် ဆိုင်ရ၏။ ငါသည်သင်တို့အတွက်ဂုဏ်ယူဝါ ကြွားသဖြင့်လည်းကောင်း၊ ငါသည်သင်တို့နှင့် အတူငါတို့အရှင်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်သဖြင့်လည်းကောင်းဤ သို့ပြောဆိုရခြင်းဖြစ်၏။-
32. အကယ်၍ငါသည်ဧဖက်မြို့တွင် ``သားရဲ တိရစ္ဆာန်'' တို့နှင့်တိုက်ခိုက်ခဲ့ပါမူလူအမြင် ဖြင့်ငါ့အဖို့အဘယ်အကျိုးရှိမည်နည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းမရှိ ပါက ``နက်ဖြန်သေကြမည်ဖြစ်၍ငါတို့ သည်စားကြ၊ သောက်ကြ၊ ပျော်ပါးကြကုန် အံ့'' ဟုဆိုသည့်အတိုင်းပြုကြစို့။
33. သင်တို့အယူအဆမမှားကြနှင့်။ ``အပေါင်း အသင်းမကောင်းလျှင်လူကောင်းပျက်စီးတတ် ၏။-''
34. အမြင်မှန်ရကြလော့။ ဆက်လက်၍အပြစ် မကူးကြနှင့်။ သင်တို့တွင်အချို့သောသူတို့ သည်ဘုရားသခင်ကိုမသိကြ။ ဤသို့ငါ ဆိုရာ၌သင်တို့အရှက်ရစေရန်အတွက် ဖြစ်၏။
35. လူတစ်စုံတစ်ယောက်က ``သေလွန်သူတို့သည် အဘယ်သို့ရှင်ပြန်ထမြောက်ကြမည်နည်း'' ဟုမေးသည်ဆိုအံ့။-
36. အချင်းလူမိုက်၊ သင်စိုက်ပျိုးသည့်မျိုးစေ့သည် ဦးစွာမပျက်မစီးဘဲအပင်မပေါက်တတ်။-
37. မြေတွင်သင်စိုက်သောအရာသည်ဂျုံစေ့ သို့မဟုတ်အခြားမျိုးစေ့တစ်မျိုးမျိုးဖြစ် မည်။ နောင်အခါပေါက်လာသည့်အပင်မဟုတ်။-
38. ဘုရားသခင်သည်အလိုတော်နှင့်အညီထို မျိုးစေ့အားကိုယ်ထည်ကိုပေးတော်မူ၏။ ကိုယ် တော်သည်မျိုးစေ့အသီးသီးတို့အားသင့် တော်သည့်ကိုယ်ထည်ကိုပေးတော်မူ၏။
39. သက်ရှိသတ္တဝါတို့၏အသားသည်တစ်မျိုး တည်းမဟုတ်။ လူ၏အသားသည်တစ်မျိုး၊ တိရစ္ဆာန် ၏အသားသည်တစ်မျိုး၊ ငှက်၏အသားသည်တစ် မျိုး၊ ငါး၏အသားသည်တစ်မျိုးဖြစ်၏။