27. ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ခပ်သိမ်း သောအရာတို့ကိုကိုယ်တော်၏ခြေဖဝါးအောက် သို့ရောက်စေတော်မူ၏'' ဟုလာ၏။ ``ခပ်သိမ်း သောအရာတို့'' တွင်ဘုရားသခင်မပါဝင် ကြောင်းထင်ရှား၏။ အဘယ်ကြောင့်ဆိုသော် ခပ်သိမ်းသောအရာကိုခရစ်တော်၏ခြေ ဖဝါးအောက်သို့ရောက်စေတော်မူသောအရှင် ကားဘုရားသခင်ဖြစ်သောကြောင့်တည်း။-
28. သို့ရာတွင်ခပ်သိမ်းသောအရာတို့ကိုသား တော်အားအုပ်စိုးစေတော်မူသောအခါ၌ မိမိခြေဖဝါးတော်အောက်သို့ခပ်သိမ်းသော အရာကိုရောက်ရှိစေတော်မူသောဘုရား သခင်၏အုပ်စိုးခြင်းကို သားတော်ကိုယ်တိုင် ပင်လျှင်ခံယူတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည်ခပ်သိမ်းသောအရာ တို့ကိုလုံးဝဥဿုံအုပ်စိုးတော်မူပေအံ့။
29. သေလွန်သူတို့ကိုယ်စားဗတ္တိဇံမင်္ဂလာခံသူ တို့သည် အဘယ်အကျိုးအတွက်ယင်းသို့ပြု ကြသနည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက် မှုမရှိဟုအချို့ကပြောဆိုသည်အတိုင်းမှန် လျှင် ထိုသူတို့သည်သေသူတို့၏ကိုယ်စား အဘယ်ကြောင့်ဗတ္တိဇံမင်္ဂလာခံကြသနည်း။-
30. အဘယ်ကြောင့်ငါတို့ကိုယ်တိုင်ပင်ဘေးအန္တရာယ် နှင့်နာရီမလပ်ရင်ဆိုင်လျက်နေရကြသနည်း။-
31. ညီအစ်ကိုတို့၊ ငါသည်သေဘေးနှင့်နေ့တိုင်းရင် ဆိုင်ရ၏။ ငါသည်သင်တို့အတွက်ဂုဏ်ယူဝါ ကြွားသဖြင့်လည်းကောင်း၊ ငါသည်သင်တို့နှင့် အတူငါတို့အရှင်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်သဖြင့်လည်းကောင်းဤ သို့ပြောဆိုရခြင်းဖြစ်၏။-