၁ ကော 15:26-39 Common Language Bible (BCL)

26. နောက်​ဆုံး​နှိမ်​နင်း​ရ​မည့်​ရန်​သူ​ကား​သေ​မင်း ပင်​ဖြစ်​၏။-

27. ကျမ်း​စာ​တော်​တွင် ``ဘု​ရား​သ​ခင်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ကိုယ်​တော်​၏​ခြေ​ဖ​ဝါး​အောက် သို့​ရောက်​စေ​တော်​မူ​၏'' ဟု​လာ​၏။ ``ခပ်​သိမ်း သော​အ​ရာ​တို့'' တွင်​ဘု​ရား​သ​ခင်​မ​ပါ​ဝင် ကြောင်း​ထင်​ရှား​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ခပ်​သိမ်း​သော​အ​ရာ​ကို​ခ​ရစ်​တော်​၏​ခြေ ဖ​ဝါး​အောက်​သို့​ရောက်​စေ​တော်​မူ​သော​အ​ရှင် ကား​ဘု​ရား​သ​ခင်​ဖြစ်​သော​ကြောင့်​တည်း။-

28. သို့​ရာ​တွင်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သား တော်​အား​အုပ်​စိုး​စေ​တော်​မူ​သော​အ​ခါ​၌ မိ​မိ​ခြေ​ဖ​ဝါး​တော်​အောက်​သို့​ခပ်​သိမ်း​သော အ​ရာ​ကို​ရောက်​ရှိ​စေ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​အုပ်​စိုး​ခြင်း​ကို သား​တော်​ကိုယ်​တိုင် ပင်​လျှင်​ခံ​ယူ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည်​ခပ်​သိမ်း​သော​အ​ရာ တို့​ကို​လုံး​ဝ​ဥ​ဿုံ​အုပ်​စိုး​တော်​မူ​ပေ​အံ့။

29. သေ​လွန်​သူ​တို့​ကိုယ်​စား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​သူ တို့​သည် အ​ဘယ်​အ​ကျိုး​အ​တွက်​ယင်း​သို့​ပြု ကြ​သ​နည်း။ သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက် မှု​မ​ရှိ​ဟု​အ​ချို့​က​ပြော​ဆို​သည်​အ​တိုင်း​မှန် လျှင် ထို​သူ​တို့​သည်​သေ​သူ​တို့​၏​ကိုယ်​စား အ​ဘယ်​ကြောင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ကြ​သ​နည်း။-

30. အ​ဘယ်​ကြောင့်​ငါ​တို့​ကိုယ်​တိုင်​ပင်​ဘေး​အန္တ​ရာယ် နှင့်​နာ​ရီ​မ​လပ်​ရင်​ဆိုင်​လျက်​နေ​ရ​ကြ​သ​နည်း။-

31. ညီ​အစ်​ကို​တို့၊ ငါ​သည်​သေ​ဘေး​နှင့်​နေ့​တိုင်း​ရင် ဆိုင်​ရ​၏။ ငါ​သည်​သင်​တို့​အ​တွက်​ဂုဏ်​ယူ​ဝါ ကြွား​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ငါ​တို့​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ဖြင့်​လည်း​ကောင်း​ဤ သို့​ပြော​ဆို​ရ​ခြင်း​ဖြစ်​၏။-

32. အ​ကယ်​၍​ငါ​သည်​ဧဖက်​မြို့​တွင် ``သား​ရဲ တိ​ရစ္ဆာန်'' တို့​နှင့်​တိုက်​ခိုက်​ခဲ့​ပါ​မူ​လူ​အ​မြင် ဖြင့်​ငါ့​အ​ဖို့​အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။ သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ ပါ​က ``နက်​ဖြန်​သေ​ကြ​မည်​ဖြစ်​၍​ငါ​တို့ သည်​စား​ကြ၊ သောက်​ကြ၊ ပျော်​ပါး​ကြ​ကုန် အံ့'' ဟု​ဆို​သည့်​အ​တိုင်း​ပြု​ကြ​စို့။

33. သင်​တို့​အ​ယူ​အ​ဆ​မ​မှား​ကြ​နှင့်။ ``အ​ပေါင်း အ​သင်း​မ​ကောင်း​လျှင်​လူ​ကောင်း​ပျက်​စီး​တတ် ၏။-''

34. အ​မြင်​မှန်​ရ​ကြ​လော့။ ဆက်​လက်​၍​အ​ပြစ် မ​ကူး​ကြ​နှင့်။ သင်​တို့​တွင်​အ​ချို့​သော​သူ​တို့ သည်​ဘု​ရား​သ​ခင်​ကို​မ​သိ​ကြ။ ဤ​သို့​ငါ ဆို​ရာ​၌​သင်​တို့​အ​ရှက်​ရ​စေ​ရန်​အ​တွက် ဖြစ်​၏။

35. လူ​တစ်​စုံ​တစ်​ယောက်​က ``သေ​လွန်​သူ​တို့​သည် အ​ဘယ်​သို့​ရှင်​ပြန်​ထ​မြောက်​ကြ​မည်​နည်း'' ဟု​မေး​သည်​ဆို​အံ့။-

36. အ​ချင်း​လူ​မိုက်၊ သင်​စိုက်​ပျိုး​သည့်​မျိုး​စေ့​သည် ဦး​စွာ​မ​ပျက်​မ​စီး​ဘဲ​အ​ပင်​မ​ပေါက်​တတ်။-

37. မြေ​တွင်​သင်​စိုက်​သော​အ​ရာ​သည်​ဂျုံ​စေ့ သို့​မ​ဟုတ်​အ​ခြား​မျိုး​စေ့​တစ်​မျိုး​မျိုး​ဖြစ် မည်။ နောင်​အ​ခါ​ပေါက်​လာ​သည့်​အ​ပင်​မ​ဟုတ်။-

38. ဘု​ရား​သ​ခင်​သည်​အ​လို​တော်​နှင့်​အ​ညီ​ထို မျိုး​စေ့​အား​ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။ ကိုယ် တော်​သည်​မျိုး​စေ့​အ​သီး​သီး​တို့​အား​သင့် တော်​သည့်​ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။

39. သက်​ရှိ​သတ္တ​ဝါ​တို့​၏​အ​သား​သည်​တစ်​မျိုး တည်း​မ​ဟုတ်။ လူ​၏​အ​သား​သည်​တစ်​မျိုး၊ တိရစ္ဆာန် ၏​အ​သား​သည်​တစ်​မျိုး၊ ငှက်​၏​အ​သား​သည်​တစ် မျိုး၊ ငါး​၏​အ​သား​သည်​တစ်​မျိုး​ဖြစ်​၏။

၁ ကော 15