22. လူအပေါင်းတို့သည်အာဒံနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းကြောင့်သေရကြ၏။ ထိုနည်းတူ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း ကြောင့်သေခြင်းမှရှင်ပြန်ထမြောက်ရကြ လိမ့်မည်။-
23. သို့ရာတွင်လူအသီးသီးတို့သည်မိမိတို့ အလှည့်ကျရှင်ပြန်ထမြောက်ရကြမည်။ ခရစ်တော်သည်ဦးစွာပထမရှင်ပြန် ထမြောက်တော်မူသည်။ ထိုနောက်ခရစ်တော် ကြွလာတော်မူသောအခါကိုယ်တော်၏ တပည့်တော်တို့ရှင်ပြန်ထမြောက်ပေအံ့။-
24. ထိုနောက်ကပ်ကမ္ဘာကုန်ဆုံးချိန်ရောက်လိမ့်မည်။ ထိုအခါခရစ်တော်သည်ရှိရှိသမျှသော ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များ၊ အာဏာ ပိုင်များနှင့်စိုးမိုးအုပ်ချုပ်သူများကိုနှိမ်နင်း ၍နိုင်ငံတော်ကိုခမည်းတော်ဘုရားသခင် ၏လက်တော်သို့ပေးအပ်တော်မူလိမ့်မည်။-
25. ဘုရားသခင်သည်ရန်သူအပေါင်းကိုနှိမ်နင်း ၍ခရစ်တော်၏ခြေဖဝါးအောက်သို့ရောက် စေတော်မူမည့်အချိန်မရောက်မီ ခရစ်တော် သည်အုပ်စိုးတော်မူရမည်။-
26. နောက်ဆုံးနှိမ်နင်းရမည့်ရန်သူကားသေမင်း ပင်ဖြစ်၏။-
27. ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ခပ်သိမ်း သောအရာတို့ကိုကိုယ်တော်၏ခြေဖဝါးအောက် သို့ရောက်စေတော်မူ၏'' ဟုလာ၏။ ``ခပ်သိမ်း သောအရာတို့'' တွင်ဘုရားသခင်မပါဝင် ကြောင်းထင်ရှား၏။ အဘယ်ကြောင့်ဆိုသော် ခပ်သိမ်းသောအရာကိုခရစ်တော်၏ခြေ ဖဝါးအောက်သို့ရောက်စေတော်မူသောအရှင် ကားဘုရားသခင်ဖြစ်သောကြောင့်တည်း။-