၁ ကော 15:12-25 Common Language Bible (BCL)

12. ခ​ရစ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ကြောင်း​ကို ငါ​တို့​ဟော​ပြော​ကြေ​ညာ လျက်​ရှိ​သည်​ဖြစ်​ရာ အ​ဘယ်​ကြောင့်​သင်​တို့ အ​နက်​အ​ချို့​သော​သူ​တို့​က ``သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​ဟူ​သည်​မ​ရှိ'' ဟု ပြော​ဆို​နေ​ကြ​သ​နည်း။-

13. ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ပါ​က​ခ​ရစ်​တော် သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မ​မူ နိုင်​ရာ။-

14. ခ​ရစ်​တော်​ထ​မြောက်​တော်​မ​မူ​လျှင်​ငါ​တို့ ၏​ဟော​ပြော​ခြင်း​သည်​အ​ကျိုး​မ​ရှိ။ သင်​တို့​၏ ယုံ​ကြည်​ခြင်း​သည်​လည်း​အ​ကျိုး​မ​ရှိ။-

15. အ​ကယ်​၍​သူ​သေ​တို့​ရှင်​ပြန်​ထ​မြောက်​မှု​မ​ရှိ ဟု​ဆို​သည်​မှာ မှန်​ခဲ့​သော်​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မ​မူ။ သို့​ဖြစ်​၍​ငါ​တို့​က ``ဘု​ရား သခင်​သည်​ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီ'' ဟု​ဟော​ပြော​ရာ ၌​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​ကြောင်း မု​သား​သက်​သေ​များ​ဖြစ်​ကြ​၏။-

16. အ​ကယ်​၍​သေ​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း မ​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​အား ရှင်​ပြန်​ထ​မြောက်​စေ​တော်​မ​မူ။-

17. ခ​ရစ်​တော်​သည်​ရှင်​ပြန်​ထ​မြောက်​တော်​မ​မူ လျှင်​သင်​တို့​၏​ယုံ​ကြည်​မှု​သည်​လွဲ​မှား​လျက် သင်​တို့​သည်​လည်း​အ​ပြစ်​ဒု​စ​ရိုက်​တွင်​နစ် မွန်း​လျက်​ရှိ​နေ​ကြ​သေး​မည်။-

18. ခ​ရစ်​တော်​ကို​ယုံ​ကြည်​လျက်​သေ​လွန်​သွား​သူ တို့​သည်​လည်း​ထာ​ဝ​ရ​ဆုံး​ရှုံး​ကြ​ပေ​မည်။-

19. ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍​ငါ​တို့​သည်​ယ​ခု ဘ​ဝ​အ​တွက်​သာ​မျှော်​လင့်​စ​ရာ​ရှိ​ပါ​မူ ကမ္ဘာ​ပေါ်​တွင်​ငါ​တို့​လောက်​သ​နား​စ​ရာ ကောင်း​သူ​များ​မ​ရှိ​တော့​ပြီ။

20. သို့​ရာ​တွင်​အ​မှန်​ဖြစ်​ရပ်​မှာ​ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ယင်း သို့​ထ​မြောက်​တော်​မူ​ခြင်း​ကြောင့်​သေ​လွန်​သူ တို့​သည် ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ဖြစ် ကြောင်း​အာ​မ​ခံ​ချက်​ရ​ရှိ​ကြ​သည်။-

21. လူ​တစ်​ယောက်​ကြောင့်​ကမ္ဘာ​ပေါ်​တွင်​သေ​ခြင်း တ​ရား​ဖြစ်​ပေါ်​လာ​သ​ကဲ့​သို့ လူ​တစ်​ယောက် ကြောင့်​ပင်​လျှင် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ခြင်း​တ​ရား​သည်​လည်း​ဖြစ်​ပေါ်​လာ​၏။-

22. လူ​အ​ပေါင်း​တို့​သည်​အာ​ဒံ​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​ကြောင့်​သေ​ရ​ကြ​၏။ ထို​နည်း​တူ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း ကြောင့်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ရ​ကြ လိမ့်​မည်။-

23. သို့​ရာ​တွင်​လူ​အ​သီး​သီး​တို့​သည်​မိ​မိ​တို့ အ​လှည့်​ကျ​ရှင်​ပြန်​ထ​မြောက်​ရ​ကြ​မည်။ ခ​ရစ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန် ထ​မြောက်​တော်​မူ​သည်။ ထို​နောက်​ခ​ရစ်​တော် ကြွ​လာ​တော်​မူ​သော​အ​ခါ​ကိုယ်​တော်​၏ တ​ပည့်​တော်​တို့​ရှင်​ပြန်​ထ​မြောက်​ပေ​အံ့။-

24. ထို​နောက်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​ရောက်​လိမ့်​မည်။ ထို​အ​ခါ​ခ​ရစ်​တော်​သည်​ရှိ​ရှိ​သ​မျှ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး​ရှင်​များ၊ အာ​ဏာ ပိုင်​များ​နှင့်​စိုး​မိုး​အုပ်​ချုပ်​သူ​များ​ကို​နှိမ်​နင်း ၍​နိုင်​ငံ​တော်​ကို​ခ​မည်း​တော်​ဘု​ရား​သ​ခင် ၏​လက်​တော်​သို့​ပေး​အပ်​တော်​မူ​လိမ့်​မည်။-

25. ဘု​ရား​သ​ခင်​သည်​ရန်​သူ​အ​ပေါင်း​ကို​နှိမ်​နင်း ၍​ခ​ရစ်​တော်​၏​ခြေ​ဖ​ဝါး​အောက်​သို့​ရောက် စေ​တော်​မူ​မည့်​အ​ချိန်​မ​ရောက်​မီ ခ​ရစ်​တော် သည်​အုပ်​စိုး​တော်​မူ​ရ​မည်။-

၁ ကော 15