30. သို့ရာတွင်အကယ်၍လူတစ်ယောက်ဟောပြော နေစဉ်ထိုင်နေသူများအထဲမှတစ်ယောက် သည် ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံယူ ရရှိပါကဟောပြောနေသောသူသည်ရပ်နား စေ။-
31. ပရိသတ်အပေါင်းသည်သွန်သင်မှုယူ၍အား တက်လာကြစေရန် သင်တို့အားလုံးပင်အလှည့် ကျဘုရားသခင်၏ဗျာဒိတ်တော်ကိုဟော ပြောနိုင်၏။-
32. ဗျာဒိတ်တော်ကိုဟောပြောနိုင်သောဆုကျေးဇူး ကိုအသုံးပြုရာ၌ဟောပြောသူသည်မိမိ ကိုယ်ကိုထိန်းချုပ်ရမည်။-
33. အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် စည်းမဲ့ကမ်းမဲ့ပြုမူခြင်းကိုလိုလားတော် မမူ။ ငြိမ်ဝပ်ပိပြားမှုကိုလိုလားတော်မူ သောကြောင့်ဖြစ်သည်။ဘုရားသခင်၏အသင်းတော်အပေါင်းတို့တွင် ကျင့်သုံးသည့်မူအတိုင်း၊-
34. အမျိုးသမီးများသည်အစည်းအဝေးများတွင် ဆိတ်ဆိတ်နေကြစေ။ သူတို့မှာစကားပြောပိုင်ခွင့် မရှိ။ ယုဒပညတ်ကျမ်းတွင်ဖော်ပြသည့်အတိုင်း အမျိုးသမီးတို့သည်အစည်းအဝေးများတွင် ခေါင်းဆောင်များမဖြစ်စေရ။-
35. သူတို့သည်အကြောင်းတစ်စုံတစ်ရာကိုသိလို လျှင် မိမိတို့၏ခင်ပွန်းများကိုအိမ်တွင်မေးမြန်း စုံစမ်းကြစေ။ အသင်းတော်၏အစည်းအဝေး ၌အမျိုးသမီးများစကားပြောခြင်းသည် ရှက်ဖွယ်သောအမှုဖြစ်၏။