၁ ကော 14:22-25 Common Language Bible (BCL)

22. ထို့​ကြောင့်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး မျိုး​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​သည်​မ​ယုံ​ကြည် သူ​တို့​အ​တွက်​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။ ယုံ​ကြည် သူ​တို့​အ​တွက်​မ​ဟုတ်။ ဗျာ​ဒိတ်​တော်​ကို​ကြေ​ညာ ဟော​ပြော​နိုင်​သော​ဆု​ကျေး​ဇူး​ကား​ယုံ​ကြည်​သူ တို့​အ​တွက်​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။ မ​ယုံ​ကြည် သူ​တို့​အ​တွက်​မ​ဟုတ်။

23. သို့​ဖြစ်​၍​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည်​စု ဝေး​လျက်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ဖြင့်​ပြော​ဆို​နေ​စဉ် သာ​မန်​လူ​အ​ချို့​သို့​မ​ဟုတ်​မ ယုံ​ကြည်​သူ​အ​ချို့​ရောက်​ရှိ​လာ​ခဲ့​သော်​သင်​တို့ အား​ရူး​သွပ်​သူ​များ​ဟု​ဆို​မည်​မ​ဟုတ်​လော။-

24. သို့​သော်​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​သင် တို့​အ​ပေါင်း​ကြေ​ညာ​ဟော​ပြော​လျက်​နေ​စဉ် မ​ယုံ​ကြည်​သူ​သို့​မ​ဟုတ်​သာ​မန်​လူ​တစ်​ယောက် ရောက်​ရှိ​လာ​ပါ​မူ သင်​တို့​ဟော​ပြော​သည့်​တ​ရား စ​ကား​ကြောင့် မိ​မိ​သည်​အ​ပြစ်​များ​ကူး​သူ ဖြစ်​ကြောင်း​ကောင်း​စွာ​သိ​မြင်​လာ​လိမ့်​မည်။-

25. သူ​၏​စိတ်​နှ​လုံး​စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ရ လျက်​သူ​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ သည်​ပေါ်​လွင်​သ​ဖြင့် ``သင်​တို့​နှင့်​အ​တူ​ဧ​ကန် အ​မှန်​ဤ​အ​ရပ်​တွင်​ဘု​ရား​သ​ခင်​ရှိ​တော်​မူ ပါ​သည်​တ​ကား'' ဟု​ထုတ်​ဖော်​ဝန်​ခံ​ကာ​ဘု​ရား သ​ခင်​ကို​ပျပ်​ဝပ်​ရှိ​ခိုး​လိမ့်​မည်။

၁ ကော 14